အဓိကအကြောင်းအရာသို့ သွားမည်
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း

၁။      စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့နယ်၊ ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း(၁၀-မိုင်)ရှိ အောက်ဖော်ပြပါ မြေ နေရာအား ငှားရမ်းဆောင်ရွက်ရန် စိတ်ပါဝင်စားသူ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံသူ လုပ်ငန်းရှင်/ ကုမ္ပဏီများသို့ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-

စဉ်

ခြံ/ စက်ရုံအမည်

ဧက

ငှားရမ်းဆောင်ရွက်မည့်လုပ်ငန်း

၁။

ဘက်စုံစိုက်ပျိုးမွေးမြူရေးစခန်း (၁၀-မိုင်)

၁၀၀

တိရစ္ဆာန် ထိန်းသိမ်း စောင့်ကြည့် စစ်ဆေးရေး စခန်း ဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်း၊ သားသတ်ရုံတည်ထောင် ခြင်းနှင့် သားသတ်ခြင်းလုပ်ငန်း၊ တိရစ္ဆာန်မွေးမြူခြင်း လုပ်ငန်း၊ တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းနှင့် တိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်းလုပ်ငန်းများ

၂။       တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စောင်လျှင် (၁၀၀ဝဝိ/-)ကျပ်နှုန်းဖြင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆) နေပြည်တော် တွင် ရုံးပိတ်ရက်မှအပ ရုံးချိန်အတွင်း လာရောက်ဝယ်ယူရရှိနိုင်ပါသည်။

၃။      တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား(၂၂ - ၅ -၂၀၂)ရက် (၁၆:၀၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြု ဌာနခွဲသို့ ပေးပို့တင်ပြရမည်။

၄။      အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

 

တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန