Skip to main content
x

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူသင်တန်းဖွင့်လှစ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ မင်္ဂလာကျေးရွာအုပ်စု၊ ပင်ဟာကျပ်ကျေးရွာတွင် အမှတ် (၈၅)စက်မှုလယ်ယာစခန်း၊ ရွှေညောင်မြို့မှ ဦးစီး၍ အမှတ်စဉ်(၁/၂၀၂၃)လယ်ယာသုံးစက်ကိရိယာ မောင်းနှင် ထိန်းသိမ်းမှု (အခြေခံ) တောင်သူပညာပေးသင်တန်းဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၄)ရက်နေ့ နံနက်(၉:၃၀)နာရီ၌ ကျင်းပခဲ့ပါသည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ စက်မှုလယ်ယာဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးဌာနမှူးရုံး၊ တောင်ကြီးမြို့မှ ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်၊ အမှတ်(၄)ကုန်းမြင့်ဒေသ လယ်ယာမြေဖော်ထုတ်ရေး စီမံကိန်းရုံး၊ တောင်ကြီး မြို့မှ ဒုတိယညွှန်ကြားရေးမှူး ဦးအောင်မျိုးသွင်၊ PNOအဖွဲ့မှ ဗိုလ်မှူးကျော်ခေါင်၊ ပင်ဟာကျပ်ကျေးရွာမှ ရပ်မိရပ်ဖများနှင့် သင်တန်းသား(၅၂)ဦး အပါအဝင် စုစုပေါင်း (၉၈) ဦး တက်ရောက်ခဲ့ပါသည်။

အခမ်းအနားတွင် ပြည်နယ်ဦးစီးဌာနမှူး ဦးကျော်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး အမှတ် (၈၅)စက်မှု လယ်ယာစခန်း၊ ရွှေညောင်မြို့မှ မြို့နယ်ဦးစီးဌာနမှူး ဦးသီဟဇော်မှ သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ သင်တန်းသား(၁)ဦးအား သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့ ပါသည်။ သင်တန်းသားများကိုယ်စား PNO အဖွဲ့မှ ဗိုလ်မှူးကျော်ခေါင်မှ ကျေးဇူးတင်စကားပြန်လည် ပြောကြားပြီး သင်တန်းတွင် အသုံးပြုမည့် လယ်ယာသုံးစက်ကိရိယာများကို ကြည့်ရှုပြီး အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။

သင်တန်းကာလမှာ (၄.၉.၂၀၂၃)ရက်နေ့မှ (၁၅.၉.၂၀၂၃)ရက်နေ့ထိ (၂)ပတ်ကြာမြင့်မည်ဖြစ်ပြီး အမှတ်(၈၅)စက်မှုလယ်ယာစခန်း၊ ရွှေညောင်မြို့မှ သင်တန်းဆရာများမှ လယ်ယာသုံး စက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှုဆိုင်ရာသင်ခန်းစာများကို စာတွေ့၊ လက်တွေ့ သင်ကြားပေးသွားမည် ဖြစ်ပါသည်။