Skip to main content
x

ဖျာပုံမြို့ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ငါးသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာနည်းပညာပေးသင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်၍ ဖျာပုံမြို့၊ ဖျာပုံ ငါးလုပ်ငန်းသင်တန်းကျောင်း၌ ငါးသယံဇာတထိန်းသိမ်းခြင်းဆိုင်ရာနည်းပညာပေးသင်တန်းအား နိုဝင်ဘာ ၂၂ ရက် နံနက် ၉နာရီက အဆိုပါသင်တန်းကျောင်း သင်တန်းခန်းမ၌ ဖွင့်လှစ်သည်။

အဆိုပါသင်တန်းတွင် ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးလွင်မှ အဖွင့်အမှာစကားပြောကြား သည်။ သင်တန်းတွင် ငါးသယံဇာတများလျော့နည်းလာရခြင်းအကြောင်း၊ မျိုးသုန်းရှားပါး ရေနေ နို့တိုက်သတ္တဝါများ ထိန်းသိမ်းရေးဆောင်ရွက်နေမှုအခြေအနေ၊ ငါးဖမ်းကိရိယာများ၏ အကျိုးသက် ရောက်မှုများ၊ တာဝန်သိစိတ်ဖြင့်ငါးဖမ်းဆီးခြင်း၊ ပင်လယ်လိပ်မျိုးထိန်းသိမ်းခြင်းနှင့်ကာကွယ်စောင့် ရှောက်ခြင်း၊ မြန်မာ့ပင်လယ်ငါးဖမ်းဥပဒေ၊ ရေချိုဂေဟစနစ်ထိန်းသိမ်းခြင်း၊ ဒီရေရောက်တောများ ပျက်စီးစေသည့်အကြောင်းနှင့် ကာကွယ်ထိန်းသိမ်းခြင်းစသည့် သင်ခန်းစာများအား သင်တန်း ဆရာ/ဆရာမများမှ ဆွေးနွေးပို့ချပေးသည်။

အဆိုပါသင်တန်းအား ဖျာပုံ၊ အမာ၊ ဘိုကလေး၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်မှ မြို့နယ် ဦးစီးမှူးများနှင့် အဆိုပါ မြို့နယ်များမှ  သင်တန်းသား/သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။