Skip to main content
x

လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

စက်မှုလယ်ယာဦးစီးဌာန၊ စက်မှုလယ်ယာသင်တန်းကျောင်း(ရေဆင်း)၊ ဇေယျာသီရိမြို့တွင် လက်ထောက်ညွှန်ကြားရေးမှူး (လုပ်ငန်းခွင်)သင်တန်း အမှတ်စဉ် (၂/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားအား (၁၃-၂-၂၀၂၄) ရက်နေ့ နံနက် ၉ နာရီ အချိန်တွင် ကျင်းပခဲ့ရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်က သင်တန်းဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အဆိုပါ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ စက်မှုလယ်ယာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ သင်တန်းကျောင်း ကျောင်းအုပ်ကြီး၊ သင်တန်းဆရာ၊ ဆရာမများနှင့် သင်တန်းသား လက်ထောက်ညွှန်ကြားရေးမှူး (၂၅)ဦး တက်ရောက်ခဲ့ပါသည်။

နိုင်ငံတော်၏လယ်ယာကဏ္ဍအား လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ ကူးပြောင်းနိုင်ရေး လုပ်ငန်းစဉ်များတွင် အဓိက ပါဝင်အကောင်အထည်ဖော် ဆောင်ရွက်နေသော တိုင်းဒေသကြီး/ပြည်နယ်၊ ခရိုင်၊ စက်ပြင်အလုပ်ရုံ၊ သုတေသနအလုပ်ရုံ၊ စက်ရုံများအပါအဝင် စက်မှုလယ်ယာဦးစီးဌာနအဖွဲ့အစည်းအသီးသီးမှ လက်ထောက်ညွှန်ကြားရေးမှူးအဆင့် အရာထမ်းများကို လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားစေရေး၊ ခေတ်နှင့်အညီ နည်းပညာမြင့် လယ်ယာသုံးစက်ကိရိယာတွေကို တောင်သူများ တိုးတက်သုံးစွဲလာစေရန် စည်းရုံးပညာပေးဆောင်ရွက်နိုင်ရေး၊ လယ်ယာသုံးစက်ကိရိယာ သုတေသနလုပ်ငန်းများ ဖွံဖြိုးတိုးတက်လာစေရေးနှင့် လက်တွေ့လုပ်ငန်းခွင်မှာတွေ့ကြုံနေရသော အားသာချက်၊ အားနည်းချက်များကိုဆွေးနွေးအဖြေရှာ ပြုပြင်ဆောင်ရွက်စေရေး စသည့်ရည်ရွယ်ချက်များထားရှိပြီး အဆိုပါသင်တန်းအား ဖွင့်လှစ်ခြင်းဖြစ်ပြီး သင်တန်းကာလမှာ (၁၃-၂-၂၀၂၄)ရက်နေ့မှ (၂၃-၂-၂၀၂၄)ရက်နေ့ထိ ဖြစ်ပါသည်။