Skip to main content
x

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန

၁။      မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ၂၀၂၃ ခုနှစ်၊ ဧပြီလမှ ၂၀၂၄ ခုနှစ်၊ မတ်လအထိ ငွေလုံးငွေရင်းအသုံးစရိတ်ခွင့်ပြုရန်ပုံငွေဖြင့် ပထမအကြိမ် အိတ်ဖွင့်တင်ဒါခေါ်ယူ ဝယ်ယူမည့် ဓာတ်ခွဲခန်းသုံးစက်ပစ္စည်းကိရိယာ(၃၉)မျိုး၊ လုပ်ငန်းသုံးစက်ပစ္စည်းကိရိယာ(၃၁)မျိုး၊  ရုံးသုံးစက် ပစ္စည်းကိရိယာ(၁၀)မျိုး၊ ရုံးသုံးပရိဘောဂပစ္စည်း(၃)မျိုး၊ ပြည်ပအထောက်အပံ့(မဲခေါင်-လန်ချန်း) အစီအစဉ်ဖြင့် ဝယ်ယူမည့် ရုံးသုံးစက်ပစ္စည်းကိရိယာ(၂)မျိုးတို့အား  ဝယ်ယူရန်အတွက် မြန်မာကျပ် ငွေဖြင့် ဈေးနှုန်းအဆိုပြုလွှာ တင်သွင်းနိုင်ကြောင်း ဒုတိယအကြိမ် ကြေညာအပ်ပါသည်။

၂။       ဈေးနှုန်းအဆိုပြုလွှာပုံစံများကို မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ စီမံရေးရာဌာနခွဲ၊ ဖြည့်တင်းရေးနှင့်သိုလှောင်ရေးဌာနစိတ်၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် (၂၁-၄-၂၀၂၃) ရက်မှစ၍ ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး (၅-၅-၂၀၂၃) ရက်တွင် တင်ဒါပုံစံများကို ပိတ်သိမ်း၍ 1% P.O Cheque လက်ခံမည်ဖြစ်ကာ အိတ်ဖွင့်တင်ဒါဖွင့်လှစ်မည့်ရက်ကို အချိန်မီ အကြောင်းကြားသွားမည် ဖြစ်ပါ သည်။ အသေးစိတ်သိရှိလိုပါက ဖုန်းအမှတ် ၀၆၇-၃၄၀၈၁၇၇ နှင့် ၀၉-၇၇၃၄၇၇၈၈၄ သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန