Skip to main content
x

ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းသားသစ်များခေါ်ယူခြင်း

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန

ငါးလုပ်ငန်းဦးစီးဌာန၊ ဖွံ့ဖြိုးရေးနှင့်သုတေသနဌာနခွဲ၊ ငါးလုပ်ငန်းသိပ္ပံ(တွံတေး)

ငါးလုပ်ငန်းနှင့်ရေသတ္တဝါမွေးမြူရေးဒီပလိုမာ ပထမနှစ်သင်တန်းသားသစ်များခေါ်ယူခြင်း

၁။   ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၌ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာသင်တန်းကို ရန်ကုန်တိုင်း ဒေသကြီး၊ တွံတေးမြို့နယ်ရှိငါးလုပ်ငန်းသိပ္ပံ တွင် တက်ရောက်လိုသူများသည် တိုင်းဒေသကြီး/ပြည်နယ်/ခရိုင်/ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာန/ ငါးလုပ်ငန်းစခန်းများနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး)တို့ တွင် လျှောက်ထားနိုင်သည်။

၂။    ဒီပလိုမာသင်တန်းသို့ တက်ရောက်ခွင့်ရရှိသူသည် ( ၃ ) နှစ် သင်တန်းတက်ရောက်ရမည် ဖြစ်ပါသည်။ ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေးဒီပလိုမာသင်တန်း အောင်မြင်ပါက ငါးလုပ်ငန်းနှင့် ရေသတ္တဝါမွေးမြူရေး ဒီပလိုမာ အောင်လက်မှတ် (Diploma in Fisheries and Aquaculture) ပေးအပ်မည် ဖြစ်ပါသည်။ ဒီပလိုမာ သင်တန်း အောင်မြင်ပြီး သတ်မှတ်အရည်အချင်းပြည့်မီသူများကို ရန်ကုန်တက္ကသိုလ်တွင် B.Sc( Fisheries and Aquaculture) သင်တန်းတက်ရောက်ရန် ဝင်ခွင့်ဖြေဆိုခွင့်ရရှိ မည်ဖြစ်ပါသည်။

၃။   လျှောက်ထားသူသည် အောက်ပါအရည်အချင်းများနှင့် ပြည့်စုံရမည်-

(က)  ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။

( ခ)  တက္ကသိုလ်ဝင်စာမေးပွဲကို သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ပြီးသူဖြစ်ရမည်။

( ဂ)   လျှောက်လွှာပိတ်ရက်(၃၀-၉-၂၀၂၃)ရက်နေ့တွင် အသက်(၂၂)နှစ်ထက် မကြီးသူ ဖြစ်ရမည်။

၄။   လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများ ပူးတွဲတင်ပြရမည် -

      (က)  တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ကြောင်း သက်ဆိုင်ရာကျောင်းအုပ်ကြီးထောက်ခံချက် (မူရင်း)

      ( ခ)  တက္ကသိုလ်ဝင်စာမေးပွဲအမှတ်စာရင်း(မိတ္တူ) (ကျောင်းအပ်နှံသည့်အချိန်တွင် မူရင်းတင်ပြရမည်)

        ( ဂ)   မွေးသက္ကရာဇ်မှန်ကန်ကြောင်းထောက်ခံချက် (သက်ဆိုင်ရာကျောင်းအုပ်ကြီးထောက်ခံချက်)

             (ဃ)  အကျင့်စာရိတ္တကောင်းမွန်ကြောင်း၊ ပြစ်မှုကင်းရှင်းကြောင်း သက်ဆိုင်ရာရဲစခန်းနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်(မူရင်း)

       ( င)  လျှောက်ထားသူနှင့်မိဘနှစ်ပါး၏ နိုင်ငံသားစီစစ်ရေးကတ်(မိတ္တူ)များနှင့် အိမ်ထောင်စုဇယား (မိတ္တူ)

       ( စ)  လိုင်စင်ဓါတ်ပုံ (အောက်ခံအပြာရောင်ဖြင့်) (၅)ပုံ (၁.၁ x ၁.၃) လက်မ

၅။   လျှောက်လွှာများကို  တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်/ မြို့နယ်/ ငါးလုပ်ငန်းဦးစီးဌာန/ ငါးလုပ်ငန်းစခန်း များနှင့် ငါးလုပ်ငန်းသိပ္ပံ(တွံတေး) သို့ (၃၀-၉-၂၀၂၃) ရက်နေ့ထက် နောက်မကျစေဘဲ တိုက်ရိုက်ပေးပို့ လျှောက် ထားရမည်။ သတ်မှတ်ရက်ထက်နောက်ကျသောလျှောက်လွှာများ၊ မပြည့်စုံသောလျှောက်လွှာများအား ထည့်သွင်း စဉ်းစားမည် မဟုတ်ပါ။

၆။   တက်ရောက်ခွင့်ရရှိသူအမည်စာရင်းနှင့် ကျောင်းဖွင့်လှစ်မည့်ရက်အား တိုင်းဒေသကြီး/ပြည်နယ် ငါးလုပ်ငန်း ဦးစီးဌာနများနှင့် ငါးလုပ်ငန်း သိပ္ပံ(တွံတေး)မှ ထပ်မံအကြောင်းကြားမည်ဖြစ်ပါသည်။ 

၇။    အသေးစိတ်သိရှိလိုပါက  တယ်လီဖုန်းအမှတ်  ၀၆၇-၄၀၈၄၇၂၊  ၀၆၇-၄၀၈၄၇၃၊  ၀၉-၇၉၁၃၄၄၇၇၃  သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။