Skip to main content
x

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်း

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဒေသဝမ်းစာဖူလုံရေး၊ ရွှေ့ပြောင်းတောင်ယာ ပပျောက်ရေးတို့အတွက် ကုန်းမြင့်လယ်ယာမြေများ ဖော်ထုတ်ပေးရန် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ (၂၀၂၃-၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့နယ်၊ တိုက်ရံကျေးရွာတွင် ကုန်းမြင့်လယ်ယာမြေ (၁၉၀)ဧကအား ဖော်ထုတ်နိုင်ရန် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ခဲ့ပါသည်။

 

တင်ဒါအောင်ကုမ္ပဏီဖြစ်သည့် Nine Star ကုမ္ပဏီသည် ကုန်းမြင့်လယ်ယာမြေ (၁၉၀)ဧက ဖော်ထုတ်ခြင်း လုပ်ငန်းအား(..၂၀၂၃)ရက်နေ့မှ စတင်၍ စက်ယန္တရားကြီးများဖြင့် ဆောင်ရွက်ခဲ့ရာ လက်ရှိချိန်ထိ (၆၅)ဧက ဖော်ထုတ်ပြီးစီးခဲ့ပြီး၊ ဖော်ထုတ်ပြီး ကုန်းမြင့်လယ်ယာမြေများပေါ်တွင် မိုးစပါးများ စိုက်ပျိုးဖြစ်ထွန်း အောင်မြင်လျက်ရှိပါကြောင်းနှင့် ဖော်ထုတ်ရန်ကျန်ရှိသော ကုန်းမြင့်လယ်ယာမြေ (၁၂၅)ဧကအား ပွင့်လင်းရာသီတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတင်းရရှိပါသည်။