Skip to main content
x

မြဝတီမြို့၌ အယ်လ်နီညိုရာသီဥတုကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော

မြဝတီ အောက်တိုဘာ ၁၇

          မြဝတီခရိုင်၊ မြဝတီမြို့နယ်အတွင်း အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများနှင့် ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောပွဲ လှုပ်ရှားမှု ရက်သတ္တပတ်အနေဖြင့် ယနေ့ နံနက်ပိုင်းက မြဝတီမြို့နယ်၊ အမှတ်(၅) ရပ်ကွက်၊ ရေပူ/မွေးဇုန် မြစိမ်းရောင်ကျေးရွာစီမံကိန်း(ငါးကဏ္ဍ) ကော်မတီဝင်များ၊ အသင်းဝင်များ၊ မြဝတီမြို့နယ် ငါးမွေးမြူ တောင်သူများနှင့်တွေဆုံ၍ မြဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာနရုံး၌ အသိပညာ ပေးဟောပြောခဲ့သည်။

         ထိုသို့ အသိပညာပေးဟောပြောရာတွင် မြဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးမှ အယ်လ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးကန်များရှိ ကန်ရေများရေငွေ့ပျံပြီး ရေလျော့နည်း လာခြင်း၊ ကန်ထဲရှိငါးများ၏ စွန့်ပစ်အညစ်အကြေးများကြောင့် ရေထုညစ်ညမ်းလာခြင်း၊ ရေထု ညစ်ညမ်း၍ ကန်အတွင်းရှိ ငါးများရောဂါများ ကျရောက်လာနိုင်ခြင်းတို့ကြောင့် ကြိုတင်ဆောင် ရွက်သင့်သည်များအား ရှင်းလင်းဆွေးနွေးပြောကြားပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း(ငါးကဏ္ဍ) ကော်မတီဝင်များ၊ အသင်းဝင်များ၊ မြဝတီမြို့နယ် ငါးမွေးမြူတောင်သူများ (၃၀)ဦးတက်ရောက်ခဲ့ကာ မြဝတီခရိုင်ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းများမှ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။