Skip to main content
x

မော်လမြိုင်မြို့နယ်၌ အယ်နီညိုရာသီဥတုဖြစ်စဉ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ ကြိုတင်ကာကွယ်ရေးအသိပညာပေးဟောပြော

မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ မော်လမြိုင်မြို့နယ်၊ ကော့တွန်နှင့် ကော့စိန်ကျေးရွာတို့တွင် အောက်တိုဘာ ၁၇ရက်နေ့၊ မွန်းလွဲ(၁၃း၃၀)နာရီအချိန်မှ(၁၅း၃၀)အချိန် ထိ ငါးဖမ်းရေလုပ်သားများ အား အယ်လ်နီညိုနှင့် ပတ်သက်သည့် အသိပညာပေးဟောပြောပွဲပြုလုပ်သည်။

 အဆိုပါဟောပြောပွဲတွင် မော်လမြိုင်ခရိုင်ငါးလုပ်ငန်းဦးစီးမှူးမှ အယ်လ်နီညိုဖြစ်ရပ်ကြောင့် သမုဒ္ဒရာအပေါ်လွှာအား ပူနွေးစေပြီး ပင်လယ်ကြမ်းပြင်ရှိ အစာအာဟာရများသည် ရေမျက်နှာ ပြင်ပေါ်ရောက်ရှိရန် နှေးကွေးစေသောကြောင့် အစာအရင်းအမြစ် လျော့နည်းစေနိုင်ပါသဖြင့် ရေသတ္တဝါများ၏ အစာကွင်းဆက်အကျိုးသက်ရောက် ထိခိုက်စေနိုင်ခြင်း၊ အယ်လ်နီညို အပူချိန်မြင့် တက်ခြင်းကြောင့် မြစ်ချောင်း၊ အင်းအိုင်များအတွင်း ငါးများသေဆုံးမှုမရှိစေရေးအတွက် ကြိုတင် ကာကွယ် ပြင်ဆင်မှုများ ဆောင်ရွက်ကြရန် အသိပညာပေး ပြောကြားသည်။

       ဟောပြောပွဲသို့ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ကော့တွန်ကျေးရွာ ရေလုပ်သား(၁၉)ဦး ၊ကော့စိန် ရွာ ရေလုပ်သား (၃၈)ဦး တက်ရောက်ခဲ့ကြပြီး တက်ရောက်လာသောရေလုပ်သားများမှ သိလိုသည်များကို မေးမြန်းဆွေးနွေးသည်။ အလားတူ အယ်လ်နီညိုနှင့်ပတ်သက်သည့် အသိပညာ ပေး ဆွေးနွေးပွဲကို ကျိုက်မရောမြို့နယ်၊ ဘာဘူကုန်းရှိ ငါးမွေးမြူရေးလုပ်ငန်းရှင်များအား အောက်တိုဘာ ၁၁ရက်နေ့က အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။