Skip to main content
x

ပြည်ပဆွေးနွေးပွဲအတွေ့အကြုံများ ပြန်လည်ရှင်းလင်းဆွေးနွေး နည်းပညာအသစ်များကို ဌာနအတွင်းမျှဝေဖလှယ်၍ လူစွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကြိုးပမ်း

နေပြည်တော် နိုဝင်ဘာ ၁၆

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာနများ၊ တက္ကသိုလ်များမှ အမှုထမ်းအရာထမ်းများ၏ ပြည်ပဆွေးနွေးပွဲအတွေ့အကြုံများ ပြန်လည်ရှင်းလင်း ဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက အမှာစကားပြောကြားပြီး သက်ဆိုင်ရာ တာဝန်ရှိသူများက ကဏ္ဍအလိုက် ပြည်ပဆွေးနွေးပွဲ အတွေ့အကြုံများကို ရှင်းလင်း တင်ပြကြရာ ဖိလစ်ပိုင်နိုင်ငံတွင် ကျင်းပသည့် အရှေ့တောင်အာရှ ငါးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး ဗဟိုဌာန၏ (၄၅) ကြိမ်မြောက် စီမံကိန်းကော်မတီအစည်းအဝေး နှင့် (၂၅)ကြိမ်မြောက် ASEAN-SEAFDEC မဟာဗျူဟာ မိတ်ဖက် ငါးလုပ်ငန်း အတိုင်ပင်ခံအဖွဲ့ အစည်းအဝေး အတွေ့အကြုံများ ကို လည်းကောင်း၊ မလေးရှားနိုင်ငံတွင်ကျင်းပခဲ့သည့် အာရှဒေသ၏ ငါးလုပ်ငန်းအထောက် အပံ့ဆိုင်ရာ ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲ အတွေ့အကြုံများကိုလည်းကောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အသေးစားငါးလုပ်ငန်းတွင် ကျား/မရေးရာ ရှုထောင့်အပေါ် လေ့လာ သင်ကြားမည့် သင်ရိုးညွှန်းတမ်းအား အပြီးသတ်ဆွေးနွေးမည့် ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲ အတွေ့အကြုံများကိုလည်းကောင်း၊ ထိုင်းနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှပစိဖိတ်နိုင်ငံများရှိ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့မှ အတည်ပြုရွေးချယ်ထားသည့် တောရိုင်းတိရစ္ဆာန်ဆိုင်ရာ Focal Points များ၏ (၆)ကြိမ်မြောက် ဒေသတွင်းအလုပ်ရုံ ဆွေးနွေးပွဲအတွေ့အကြုံများကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီးနှင့် ဌာနအကြီးအကဲများ၊ ပညာရှင်များက သိရှိလိုသည်များ မေးမြန်းဆွေးနွေးကြပြီး သုံးသပ်ဆွေး နွေးခဲ့ကြကြောင်း သိရသည်။