Skip to main content
x

ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ သင်တန်းဖွင့်ပွဲတက်ရောက်

ရှမ်းပြည်နယ်ငါးလုပ်ဦးစီးဌာနမှကြီးမှူး၍ ညောင်ရွှေငါးလုပ်ငန်းစခန်းတွင် ကျင်းပပြုလုပ် သော အခြေခံငါးမွေးမြူရေးနှင့် ရေချိုငါးမျိုးများဆေးထိုးသားဖေါက်ခြင်းသင်တန်းဖွင့်ပွဲကို အဆိုပါစခန်း၌ (၂၁-၆-၂၀၂၁) ရက်နေ့ နံနက် (၉:၃၀)နာရီ အချိန်တွင် ကျင်းပခဲ့သည်။

အဆိုပါသင်တန်းဖွင့်ပွဲသို့ ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌဒေါက်တာကျော်ထွန်း ဦးဆောင်သော ရှမ်းပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင် ၊မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ သင်တန်းသား၊ သင်တန်း သူများ စုစုပေါင်း (၄၇) ဦး တက်ရောက်ခဲ့သည်။

ဆက်လက်ပြီး ညောင်ရွှေငါးလုပ်ငန်းစခန်းရှေ့ရှိ နဒီကန်အတွင်းသို့ သင်တန်းဖွင့်ပွဲ အထိမ်း အမှတ် စုပေါင်းငါးလွှတ်ပွဲကို ဆက်လက်ကျင်းပရာ ညောင်ရွှေငါးလုပ်ငန်းစခန်းမှ သားဖေါက် ထုတ်လုပ်သော (၂) လက်မအရွယ် ငါးဖိန်းသားပေါက်ကောင်ရေ (၅၀၀၀၀)၊ ငွေရောင် ငါးကြင်း သားပေါက်ကောင်ရေ(၅၀၀၀၀)၊ ငါးခုံးမကြီးသားပေါက်ကောင်ရေ (၂၀၀၀၀)၊ စုစုပေါင်း သားပေါက် ကောင်ရေ (၁၂၀၀၀၀) အား စုပေါင်း၍ ငါးမျိုးစိုက်ထည့်ပေးခဲ့ကြပါသည်။ အဆိုပါ သင်တန်းတွင် ညောင်ရွှေမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူ (၁၉) ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။