Skip to main content
x

ဇာထိုး၊ပန်းထိုး သင်တန်းဆင်းပွဲကျင်းပ

ရသေ့တောင် ဇွန် ၂၃ 
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ရသေ့တောင်မြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနကကြီးမှူး၍ ဇာထိုး၊ပန်းထိုးသင်တန်း ဆင်းပွဲအခမ်းအနားကို ဇွန် ၂၃ ရက် နံနက် ၉ နာရီက မြို့နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အဆိုပါ သင်တန်းကို COVID -19 ရောဂါကာကွယ်ရေး ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ်  သင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဇာထိုး၊ ပန်းထိုး သင်တန်းဆင်းပွဲတွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးပုချေက မိမိတို့ ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည် သူများ၏ အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ပညာရပ် တစ်ခုဖြစ်ကြောင်း၊ သင်တန်းသူများ အနေဖြင့်လည်း လေ့လာဆည်းပူး သင်ယူခဲ့ရသည့် အခြေခံ ပညာရပ်များအပြင် ဆက်လက်ပြီး မိမိတို့ ကိုယ်တိုင်ကြိုးစားလေ့လာ ဆည်းပူးရမည်ဖြစ်ကြောင်း ပြောကြားသည်။ 
အဆိုပါ သင်တန်းတွင် ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာ(၇)ရွာမှ သင်တန်းသူ(၂၀)ဦးတို့ကို သင်တန်းနည်းပြများက စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။