Skip to main content
x

တွံတေးတူးမြောင်းအတွင်း ငါးသားပေါက်ကောင်ရေ ဆယ်သိန်း မျိုးစိုက်ထည့်

ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ သဘာဝမြစ် ချောင်း အင်းအိုင် ဆည် တမံ ကန်များအတွင်း ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်တိုးပွားလာစေရေးနှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာကို ပိုမိုဖမ်းယူစားသုံးနိုင်ရေးတို့အတွက် (8.8.2021)ရက်​နေ့က ရန်ကုန်းတိုင်း​ဒေသကြီး၊ တွံတေးမြို့နယ်၊ တွံတေးတူး​မြောင်းအတွင်းသို့ ​လေး​ထောင့်ကန်ငါးလုပ်ငန်းစခန်းမှ ၂ လက်မအရွယ် ငါးခုံးမကြီးငါးသား​ပေါက်​ကောင်​ရေ(၅)သိန်း နှင့်​ လှော်ကားငါးလုပ်ငန်းစခန်းမှ ၂ လက်မအရွယ် ငါးမြစ်ချင်းငါးသား​ပေါက်​ကောင်​ရေ(၅)သိန်း စုစု​ပေါင်းငါးသားပေါက်ကောင်ရေ (၁၀)သိန်းအား မျိုးစိုက်ထည့်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ တွံ​တေးမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင်​​​မောင်ထွဠ်၊ လှော်ကားငါးလုပ်ငန်းစခန်းတာ၀န်ခံ ဦးရဲထွန်းနိုင်၊ လေးထောင့်ကန် ငါးလုပ် ငန်းစခန်းတာဝန်ခံ ဒေါ်သင်းသင်းခိုင်နှင့်၀န်ထမ်းများ တက်​ရောက်ခဲ့ပြီး တွံတေးတူးမြောင်း အတွင်းသို့ ငါးမျိုးများ စိုက်ထည့်ပေးခဲ့ကြောင်းသိရသည်။