Skip to main content
x

မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ(၂၀၁၈)ကို ပြဌာန်းပြီးနောက် လက်ရှိအစိုးရ တစ်နှစ်တာကာလအတွင်း မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ နည်းဥပဒေ အသစ်ကို (၁၂-၁၀-၂၀၂၁)ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၂၄/၂၀၂၁ဖြင့် အတည်ပြုထုတ်ပြန် ခဲ့ပြီးဖြစ်ရာ အဆိုပါ နည်းဥပဒေ အသစ် တွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ချမှတ်ပေးနိုင်ရေးအတွက် ကောက်ခံထားသင့်သည့် အာမခံကြေးနှုန်းထား နှင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိ ထားသူများထံမှ ခေတ်ကာလနှင့်လျော်ညီသော အာမခံကြေးများ ၊ နှစ်စဉ်ကြေး မြေခွန်တော်များ ဆက်လက်ကောက်ခံမည့် နှုန်းထားများ သတ်မှတ်နိုင်ရေး နှင့် အပြည့်အဝကောက်ခံရရှိရေးကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖေဖေါ်ဝါရီလ(၁၄)ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီ ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဗဟိုကော်မတီ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က ပြောကြားသည်။

 

ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ်သည့် အဆိုပါအစည်းအဝေးသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက်တွင် စတုတ္ထအကြိမ် ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး အစည်းအဝေး သို့ ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန်းအောင်ကျော် ၊ စိုက်ပျိုးရေး၊မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး နှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများစီမံခန့်ခွဲရေးဗဟိုကော်မတီဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် အတွက် အာမခံကြေးနှုန်းထား နှင့် လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိ ထားသူများထံမှ နှစ်စဉ်ကြေးမြေခွန်တော် ဆက်လက်ကောက်ခံမည့် နှုန်းထားများ ဆိုင်ရာကိစ္စရပ်များ၊  အစိုးရကခွင့်ပြုထားသော ဥပဒေနှင့် ညီညွတ်သည့် အခြားလုပ်ငန်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသော မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများအား မြေခွန်နှုန်းထားသတ်မှတ်နိုင်ရေး ဆိုင်ရာကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ဥပဒေပုဒ်မ ၈-က(ခ) အရ အယူခံ ဝင်ရောက်လာခြင်း ဆိုင်ရာကိစ္စရပ်များ၊ မြေလွတ်၊မြေလပ် နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့်ရရှိပြီးသော်လည်း လုပ်ငန်းအကောင်အထည်ဖော်ရန် စည်းကမ်းတွင်ပါဝင်သည့် သတ်မှတ်ကာလ(၄)နှစ် ပြည့်မြောက်ချိန် အထိ လက်တွေ့မြေပြင် အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိသေးသည့် မြေများအား ပြန်လည်သိမ်းဆည်းရန် ကိစ္စရပ်များ၊ မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ လုပ်ပိုင်ခွင့် အသုံးပြုခွင့် ရရှိထားသူများထံမှ မြေခွန်များ အပြည့်အဝ ကောက်ခံရရှိရေးကိစ္စရပ်များ နှင့် မြေလွတ်၊မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေး ဗဟိုကော်မတီ အစည်း အဝေး တွင် ဆွေးနွေးဆုံးဖြတ်ရမည့်လုပ်ငန်းကိစ္စရပ်များအား ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။