Skip to main content
x

အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Community-AEC) ၂၀၂၅ အောက်ရှိ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

အာဆီယံ စီးပွားရေးအသိုက်အဝန်း(ASEAN Economic Community-AEC) ၂၀၂၅ အောက်ရှိ “စားနပ်ရိက္ခာ၊  စိုက်ပျိုးရေးနှင့် သစ်တော လုပ်ငန်းကော်မတီ” ၏ ပထမ အကြိမ် အစည်းအဝေးကို ဇွန်လ(၂၁)ရက်နေ့ မွန်းလွဲပိုင်းက နေပြည်တော် ရှိ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးအစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်ရာ အစည်းအဝေးသို့ လုပ်ငန်းကော်မတီဥက္ကဌ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး ၊ လုပ်ငန်းကော်မတီအဖွဲ့ဝင်များဖြစ်ကြသည့်  သက်ဆိုင်ရာဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ နှင့် ဌာနဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

     အစည်းအဝေးတွင် လုပ်ငန်းကော်မတီဥက္ကဌ ဒုတိယဝန်ကြီး က ဆွေးနွေးပြောကြားရာ၌ အာဆီယံအသိုက်အဝန်း၏ မဏ္ဍိုင်ကြီး (၃)ခု အနက် အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြ မြေပုံ (၂၀၂၅) တွင် ပါရှိသောလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် လုပ်ငန်းကော်မတီ (၂၂)ခု ကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ဖွဲ့စည်းထားရှိရာ “စားနပ်ရိက္ခာ၊  စိုက်ပျိုးရေးနှင့် သစ်တော ဆိုင်ရာ လုပ်ငန်းကော်မတီ”ကလည်း တစ်ခု အပါအဝင်ဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်း ကော်မတီ အနေဖြင့် “အာဆီယံလူမှုအသိုက်အဝန်း အေးချမ်း သာယာဝပြောရေး၊ စားနပ် ရိက္ခာ ဖူလုံရေးနှင့် အာဟာရပြည့်ဝရေးတို့ကို အထောက်အကူ ဖြစ်စေမည့် တစ်ခုတည်းသော ဈေးကွက် နှင့် ထုတ်လုပ်မှု အခြေခံကာ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး အားလုံးပါဝင်သော တုန့်ပြန် ခံနိုင်စွမ်း ကောင်းမွန်၍ ရေရှည်တည်တံ့သော စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍ တို့ကို ကမ္ဘာ့စီးပွားရေးနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်ရေး” မျှော်မှန်း ဆောင်ရွက်လျက် ရှိကြောင်း၊ အာဆီယံ စားနပ်ရိက္ခာ၊ စိုက်ပျိုးရေး နှင့် သစ်တောကဏ္ဍပူးပေါင်း ဆောင်ရွက်မှုအတွက် မျှော်မှန်းချက်ပြည့်မီစေရေး လုပ်ငန်းများကို အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ ကော်မတီ၌ လုပ်ငန်းတာဝန် (၁၃)ခုရှိပြီး ယင်းလုပ်ငန်း တာဝန်များ ၏ အကောင် အထည်ဖော် ဆောင်ရွက်နိုင်မှု တိုးတက်မှု အခြေအနေများကို ပြုစုပြီး ဆက်လက်တင်ပြ နိုင်ရေး အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် တာဝန်ရှိသူများ အနေဖြင့် ကြိုးပမ်းကြရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။

     အာဆီယံ လယ်ယာ စိုက်ပျိုးရေးနှင့် သစ်တောဆိုင်ရာ အဆင့်မြင့်အရာရှိများ အစည်းအဝေးများ(SOM-AMAF) နှင့် ဝန်ကြီးများ အစည်းအဝေး(AMAF)များကို နှစ်စဉ် ကျင်းပ လျက်ရှိပြီး အဆိုပါအစည်းအဝေးများတွင် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များက တင်ပြ လာသော နှစ်စဉ်ဆောင်ရွက်မည့် ကဏ္ဍအလိုက်ဦးစားပေးလုပ်ငန်းများကို အတည်ပြုပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံအသီးသီးမှ မိမိတို့ နိုင်ငံ အလိုက်  အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိကြောင်း၊        ၂၀၂၁ ခုနှစ်အတွင်း စားနပ်ရိက္ခာ၊ စိုက်ပျိုးရေးနှင့် သစ်တော ကဏ္ဍ အတွက် အတည်ပြုပြီးသော ကဏ္ဍအလိုက်ဦးစားပေးလုပ်ငန်း(၁၁) ခု ရှိပြီး ၂၀၂၂ ခုနှစ်တွင် ဆောင်ရွက်ဆဲ ကဏ္ဍအလိုက် ဦးစားပေး လုပ်ငန်း(၁၉)ခုအား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ အတွင်း ကျင်းပမည့် (၄၄)ကြိမ်မြောက် အာဆီယံ လယ်ယာ စိုက်ပျိုရေးနှင့် သစ်တော ဆိုင်ရာ ဝန်ကြီးများ အစည်းအဝေးသို့ တင်ပြ အတည်ပြုချက် ရယူသွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။