Skip to main content
x

မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော် သည့် စီမံကိန်းများ ဆိုင်ရာ အစည်းအဝေး ကျင်းပ

စိုက်ပျိုးမြေများကို ထိထိ ရောက်ရောက် အသုံးချကာ စိုက်ပျိုးရာသီအလိုက် သီးနှံမျိုးစုံ မျိုးကွဲများ စုံလင်စွာ စိုက်ပျိုးရေး၊ သီးထပ်သီးညှပ် စိုက်ပျိုးရေး၊ ဒေသနှင့် ကိုက်ညီသည့် သီးနှံများစိုက်ပျိုးရေး၊ မျိုးကောင်း မျိုးသန့်များ အသုံးပြုစိုက်ပျိုးမှု တိုးတက်ရေး၊ အရည် အသွေး မြင့်မားသည့် စိုက်ပျိုးရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ် ၍ ဈေးကွက်ရရှိရေး လုပ်ငန်းများ ကို စနစ်တကျ ဆောင်ရွက်ပြီး လယ်ယာ ကဏ္ဍ ၏ ပြည်ပ ပို့ကုန် တိုးမြှင့်ရေးကို ဒေသတွင်းနိုင်ငံများ ဖွံ့ဖြိုးရေး မိတ်ဘက် အဖွဲ့အစည်းများ နှင့် ပူးပေါင်း ဆောင်ရွက် လျက်ရှိကြောင်း ဇွန်လ (၂၉) ရက်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် မဲခေါင်–လန်ချန်း အထူး ရန်ပုံငွေ ဖြင့် အကောင်အထည်ဖော် သည့် စီမံကိန်း များ ဆိုင်ရာအစည်းအဝေး တွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က ပြောကြားသည်။

    အစည်းအဝေးသို့ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန် ဦးကျော်မင်းဦး နှင့် စီမံကိန်းတွင် ပါဝင်သည့် ဦးစီးဌာနများမှ ညွှန်ကြား ရေးမှူးချုပ်များ၊ ပါမောက္ခချုပ် နှင့် စီမံကိန်း လုပ်ငန်း တာဝန်ရှိသူများ တက်ရောက်ကြပြီး ဒုတိယ ဝန်ကြီး က အဖွင့် အမှာစကား ပြောကြားသည်။

     ဆက်လက်၍ စီမံကိန်းဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဆွေလင်း က မဲခေါင်-လန်ချန်း အထူး ရန်ပုံငွေ ဖြင့် အကောင် အထည် ဖော် သည့် စီမံကိန်း များနှင့် စပ်လျဉ်း ၍ သိရှိလိုက်နာရမည့် အချက်များ နှင့် စီမံကိန်းဦးစီးဌာန က စတုတ္ထအသုတ် ရန်ပုံငွေဖြင့် ဆောင်ရွက် လျက် ရှိသည့် စီမံကိန်းလုပ်ငန်း ဆောင် ရွက် နေမှု အခြေအနေများ အား ရှင်းလင်း တင်ပြ သည်။

     ထို့နောက် စီမံကိန်းတွင် ပါဝင်သည့် စိုက်ပျိုးရေး ဦးစီးဌာန ၊ လယ်ယာမြေ စီမံ ခန့်ခွဲရေး နှင့် စာရင်းအင်းဦးစီးဌာန၊ မွေးမြူရေး နှင့် ကုသရေး ဦးစီးဌာန၊ ငါးလုပ်ငန်း ဦးစီးဌာန နှင့် ရေဆင်း စိုက်ပျိုးရေး တက္ကသိုလ် တို့မှ ညွှန်ကြားရေးမှူးချုပ် များ နှင့် ပါမောက္ခချုပ်များ တို့က သက်ဆိုင်ရာ ဌာနအလိုက် အကောင် အထည် ဖော် ဆောင်ရွက် လျက်ရှိသည့် စီမံကိန်းများ ၏ အခြေအနေများအား ရှင်းလင်း တင်ပြကြရာ ဒုတိယဝန်ကြီး က လိုအပ်ချက်များ ဖြည့်စွက်ဆွေးနွေးမှာကြားသည်။

     လယ်ယာ၊ သား၊ ငါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး နှင့် ခေတ်မီ နည်းပညာများ အသုံး ပြုပြီး ဘက်စုံ ကဏ္ဍစုံ တစ်ပြေးညီ ဖွံ့ဖြိုး တိုးတက် လာရေး လုပ်ငန်းများကို နိုင်ငံတော် ၏ ဘဏ္ဍာရန်ပုံငွေများဖြင့် အဓိက်ဆောင်ရွက်လျက်ရှိသကဲ့သို့ မိတ်ဘက် နိုင်ငံများ၊ ဖွံ့ဖြိုးရေး မိတ်ဘက် အဖွဲ့အစည်းများ ၏ အကူအညီအထောက်အပံ့များ၊ ချေးငွေများဖြင့်လည်း အကောင် အထည်ဖော် ဆောင်ရွက် လျက်ရှိရာ မဲခေါင်- လန်ချန်း စီမံကိန်း လုပ်ငန်းများ သည် တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ၏ မတည်ရန်ပုံငွေဖြင့် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ စီမံကိန်း ပထမ အသုတ် ဖြစ်သော (၂၀၁၇)ခုနှစ်တွင် စီမံကိန်း (၅) ခု၊ ဒုတိယအသုတ် (၂၀၁၈) ခုနှစ်တွင် စီမံကိန်း(၉)ခု၊ တတိယအသုတ် (၂၀၂၀)ခုနှစ် တွင် စီမံကိန်း(၆)ခု၊ စတုတ္ထအသုတ် (၂၀၂၁)ခုနှစ်တွင် စီမံကိန်း လုပ်ငန်း (၄)ခု တို့ကို အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခု ပဉ္စမ အသုတ် (၂၀၂၂)ခုနှစ်တွင် စီမံကိန်း လုပ်ငန်း(၇)ခု အကောင် အထည်ဖော် ဆောင်ရွက် မည်ဖြစ်ရာ အမေရိကန်ဒေါ်လာ (၁၀)သန်း ကျော်ဖြင့်  စုစုပေါင်း စီမံကိန်း (၃၁)ခု ကို ဆောင်ရွက် ခြင်း ဖြစ်ကြောင်း သတင်းရရှိသည်။