Skip to main content
x

“ငါးသယံဇာတထိန်းသိမ်းရေး” ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲကျင်းပ

    

dof1

 

  စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၏ လယ်ယာ သား ငါး ကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက် လျက်ရှိသော ဦးစီးဌာနများ အကြား မတူညီသော လုပ်ငန်း သဘော သဘာဝများကို အပြန်အလှန် နာလည်စေပြီး အချိတ်အဆက်မိမိ ပူးပေါင်း ဆောင်ရွက် နိုင်ကြစေရန် လစဉ် ပထမပတ် ဗုဒ္ဓဟူးနေ့များတွင် ကျင်းပပြုလုပ်သည့် စကားဝိုင်း ဆွေးနွေးပွဲကို ဩဂုတ်လ(၃)ရက်နေ့ ညနေပိုင်းက နေပြည်တော်ရုံးအမှတ်(၁၅)ရှိ ပြည်ထောင်စု ဝန်ကြီး ရုံး အစည်းအဝေးခန်းမ၌ ငါးသယံဇာတ ထိန်းသိမ်းရေး  ခေါင်းစဉ် ဖြင့် ကျင်းပပြု လုပ်ရာ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ အမြဲတမ်းအတွင်းဝန် နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ ၊ ဖိတ်ကြား ထား သူများ တက်ရောက်ကြပြီး ၊ တိုင်းဒေသကြီး ပြည်နယ်များ မှ ကိုယ်စားလှယ်များက အွန်လိုင်းစနစ်ဖြင့် ပါဝင်တက် ရောက်ကြသည်။

dof2

     အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး က အဖွင့်အမှာစကား ပြောကြားရာ ၌ မိမိတို့နိုင်ငံသည် ရေလုပ်ငန်းဆိုင်ရာ သဘာဝ သယံ ဇာတ နှင့် မျိုးစိတ် များစွာကြွယ်ဝပြီး ရေလုပ်ငန်း ကဏ္ဍမှ ဒေသတွင်းထုတ်လုပ်မှု၊ စားသုံးမှုနှင့် ပိုလျှံ သည်များကို ပြည်ပသို့ တင်ပို့လျက် ရှိရာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးပါသော ကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း။

     မြန်မာနိုင်ငံ၏ ငါးကဏ္ဍထုတ်လုပ်မှုအနေဖြင့် ၂၀၂၀- ၂၀၂၁ ခုနှစ် ကိန်းကဏန်းများအရ မက်ထရစ်တန် ချိန်ပေါင်း (၆,၀၀၀) ကျော် ထုတ်လုပ် နိုင်ခဲ့ပြီး ၊ ပြည်တွင်းအသားတင် ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှု တန်ဖိုး(GDP)တွင် လယ်ယာ ကဏ္ဍကြီးမှ (၂၃.၇) ရာခိုင်နှုန်းရှိပြီး ငါးကဏ္ဍမှ (၅.၂) ရာခိုင်နှုန်း ပါဝင်ကြောင်း။

     မြန်မာနိုင်ငံ၏   ငါးလုပ်ငန်းများစီမံခန့်ခွဲရာတွင်  နိုင်ငံတကာ အဖွဲ့အစည်းများ ဖြစ်သည့်FAO ၊ EU ၊ SEAFDEC စသည့် အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်လျှက်ရှိ သကဲ့သို့ “ထိရောက်သော ငါးလုပ်ငန်းများ စီမံခန့်ခွဲမှုတွင် ငါးသယံ ဇာတ အရင်း အမြစ်များ၏ ကျက်စားရာ နေရ များအား ထိန်းသိမ်း ခြင်း ဖြင့် ဒေသခံပြည်သူများ၏ လူနေမှုဘဝ ဖွံ့ဖြိုး တိုးတက်စေပြီး အစိုးရနှင့် ပြည်သူလူထု ပူးပေါင်း ဆောင်ရွက် မှုများ တိုးမြှင့်ဆောင်ရွက် သွားရန်” ဟူသော အာဆီယံ ဒေသအတွင်း အစားအစာ ဖူလုံစေရေးအတွက် ငါးလုပ်ငန်းများ စဉ်ဆက် မပြတ် ဖြစ်ပေါ်စေခြင်းအား ၂၀၃၀ ပြည့်နှစ်အထိ ဆောင်ရွက် ရမည့် ဆုံးဖြတ်ချက် များ နှင့် လုပ်ငန်းစီမံချက်များ မူကြမ် ၏ ဆုံးဖြတ်ချက် များ ကို လိုက်နာ သွားမည် ဖြစ်ကြောင်း၊ အလားတူ  ငါးဖမ်းစွမ်းရည် ထိန်းချုပ် ရန် အတွက် ကောင်းမွန် သော စီမံခန့်ခွဲမှု အနေဖြင့် တာဝန်သိ ငါးဖမ်း နည်းစနစ်များကို လိုက်နာပြီး အတွေ့ အကြုံများ ကိုအခြေခံကာ ရေချိုငါးလုပ်ငန်း နှင့် ရေငန်ငါး လုပ်ငန်း လုပ်ကိုင် နေသူများ ၏ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်မှု ရရှိစေရန် အကောင်အထည် ဖော်ဆောင်မှု Plan of Action အနေဖြင့် ငါးလုပ်ငန်း စီမံခန့်ခွဲမှု စီမံချက်များ ဖွံ့ဖြိုးရေး လုပ်ငန်းများ၊ တရားမဝင်ငါးဖမ်းဆီးခြင်း ကိုင်တွယ်ဖြေရှင်းမှုပြုရေး လုပ်ငန်းများကို နိုင်ငံ တကာနှင့် ဒေသတွင်း နိုင်ငံများ နှင့်အတူ ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း။ ထို့အပြင် ငါးမဖမ်းရ ရာသီ၊ ငါးမဖမ်းရ နေရာ သတ်မှတ်ခြင်း၊ တနင်္သာရီ တိုင်းဒေသကြီး ရေပြင် အတွင်း ငါးဖမ်းကွက် (၆) ကွက်အား ငါးထိန်းသိမ်း ရေး ဇုန်အဖြစ် သတ်မှတ် ဆောင်ရွက်ခြင်း၊ ဒေသခံ ရေလုပ်သားများနှင့် ပူးပေါင်း၍ ငါးလုပ်ငန်း ပူးတွဲ စီမံခန့်ခွဲမှု ရေပြင်များ သတ်မှတ်ခြင်း များ ဆောင်ရွက် လျက်ရှိကြောင်း၊ ငါးလုပ်ငန်းများ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုး တိုးတက် စေရေး အတွက် ငါးသယံဇာတ ထိန်းသိမ်း ရေးနှင့် ပတ်သက် ၍ သက်ဆိုင်သူ အားလုံးတို့က ပူးပေါင်း ဆောင်ရွက် ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

dof4

     ထို့နောက် ငါးသယံဇာတထိန်းသိမ်းရေး စကားဝိုင်း ဆွေးနွေးပွဲကို  ငါးလုပ်ငန်း ဦးစီးဌာနမှ ညွှန်ကြား ရေးမှူး  ဦးလွှမ်းမိုးဇော် က အစီအစဉ်မှူး အဖြစ် တာဝန်ယူ၍ ၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန့်ဇင် က ရေလုပ်သားများမှ ငါးသယံ ဇာတ မပျက်စီး အောင် လိုက်နာရန် ဌာနမှ ဆောင်ရွက် ထားရှိမှု လုပ်ငန်းများ ကိုလည်းကောင်း၊ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမိုး က မွေးမြူရေး ကဏ္ဍမှ ရေချို ငါး သယံ ဇာတ အရင်း အမြစ်များ ထိန်းသိမ်း စောင့်ရှောက်နေမှု အခြေ အနေများ ကိုလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းစိုး က Vessel Monitoring System-VMS စနစ်ဖြင့် တရားမဝင် ငါးဖမ်းဆီးမှုများကို တားဆီး ကာကွယ်၍ ငါးသယံ ဇာတများ ထိန်းသိမ်း ကာကွယ် ဆောင်ရွက် နေမှုကို လည်းကောင်း၊ လက်ထောက် ညွှန်ကြား ရေးမှူး ဦးဝင်းကိုကို က လက်ရှိ မြန်မာ နိုင်ငံ၏ ငါးမျိုးရင်း မျိုးစိတ်များ ထိန်းသိမ်း ထားရှိမှု အခြေအနေ ကိုလည်းကောင်း၊ မွေးမြူရေးနှင့် သုတေသန ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးသိန်းဦး က မွေးမြူရေး သုတေသနဦးစီးဌာန၏ အသားကဏ္ဍနှင့် ငါးကဏ္ဍ တိုးတက်ရေး အတွက် ဆောင်ရွက်မှု အခြေအနေ များကိုလည်းကောင်း ဆွေးနွေး ကြရာ အခမ်းအနား တက် ရောက် လာကြသူ များက သိရှိလိုသည်များ မေးမြန်း ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။