Skip to main content
x

ငါး ပုစွန် နှင့် ရေထွက်ကုန်များ ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုးရေး ဘက်စုံကဏ္ဍစုံမှကြိုးပမ်းရန်လိုအပ်

ငါး ပုစွန် နှင့် ရေထွက်ကုန်များကို ပြည်တွင်း၌ ဖူလုံစွာစားသုံးနိုင်ရေး နှင့် ပြည်ပသို့ တင်ပို့ ရောင်းချခြင်းမှ နိုင်ငံခြားငွေ တိုးတက် ရှာဖွေ ပေးနိုင်ရေး အတွက် ရေသတ္တဝါ မွေးမြူထုတ်လုပ်မှု လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက်  စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန က ဘက်စုံ ကဏ္ဍစုံမှ ကြိုးပမ်းလျက်ရှိရာ သြဂုတ်လ(၂၆)ရက်နေ့တွင် ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ရန်ကုန်တိုင်းဒေသကြီး၊ ရွှေပြည် သာမြို့နယ်ရှိ  Chao Yang International Co.,Ltd  ၏ ငါးရှဉ့် နှင့် ကဏန်း(အရှင်) များ ပြည်ပပို့ကုန်အဖြစ်ဆောင်ရွင်နေမှု အခြေ အနေများ ကို လည်းကောင်း၊ ငါးရှဉ့် နှင့် ကဏန်း(အရှင်)များ ထုတ်ပိုးနေမှု အဆင့်ဆင့်ကို လိုက်လံကြည့်ရှု အားပေးကြပြီး လုပ်ငန်းရှင်များနှင့် တွေ့ဆုံကာ ဒုတိယဝန်ကြီး က ပြည်ပပို့ကုန် ငါးကဏ္ဍ၏ ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် နိုင်ငံတကာ ၏ COVID-19 ကာကွယ် ထိန်းချုပ်ရေးအပါအဝင် ပို့ကုန်သွင်းကုန်ဆိုင်ရာ စံသတ်မှတ် ချက်များ အတိုင်း လိုက်နာဆောင်ရွက်ရန် လိုအပ်ချက်များ ၊ အစားအစာ ဘေးကင်းလုံခြုံမှုရှိသော အရည်အသွေးမြင့် ထုတ်ကုန်များ အဖြစ် ဈေးကွက်၏ ယုံကြည်မှု ရရှိရေး စနစ်တကျ စီမံထုတ်လုပ်ရန်လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။

ငါး ပုစွန် နှင့် ရေထွက်ကုန်များ ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုးရေး ဘက်စုံကဏ္ဍစုံမှကြိုးပမ်းရန်လိုအပ်

အလားတူ ဒုတိယဝန်ကြီး နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် Ghani Win International Modern Processing Plants and Cold Store နှင့် Fisheries And Marine Products 2000 Limited များသို့သွားရောက်ပြီး  ငါးပုဇွန် ပြုပြင်ထုပ်ပိုး အေးခဲမှုလုပ်ငန်းများ၊ ပြည်ပသို့ တင်ပို့ ရောင်းချရေး လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေး အားပေးသည်။

ငါး ပုစွန် နှင့် ရေထွက်ကုန်များ ထုတ်လုပ်တင်ပို့မှု ဖွံ့ဖြိုးရေး ဘက်စုံကဏ္ဍစုံမှကြိုးပမ်းရန်လိုအပ်

လုပ်ငန်းခွင်များအား ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီး က ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ ကုန်ထုတ်လုပ်ငန်းများ အားလုံးကို ပုဂ္ဂလိကပိုင်း က ဆောင်ရွက်နေခြင်းဖြစ်၍ နိုင်ငံတော်၏ အသားတင် ထုတ်လုပ်မှုတန်ဖိုး တိုးတက်ရေးသည် ပုဂ္ဂလိကကဏ္ဍ၏ ဖွံ့ဖြိုး တိုးတက်မှုပေါ် များစွာ တည်မှီနေသဖြင့် ဌာနနှင့် ပုဂ္ဂလိကများအကြား ဟန်ချက်ညီ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ချက်များ၊  စက်ရုံ၊ အလုပ်ရုံများ၏ ပတ်ဝန်းကျင် သန့်ရှင်းရေး၊ လုပ်ငန်းခွင် ဆောင်ရွက်သူများ ကူးစက် ရောဂါ ကင်းစင်ရေး၊ တစ်ကိုယ်ရည်သန့်ရှင်းရေး၊ လုပ်ငန်းကျွမ်းကျင်မှုတိုးမြှင့်ရေး၊ အစားအစာ ထုတ်လုပ်မှုဆိုင်ရာ စံသတ်မှတ် ချက်များအား တိကျစွာ လိုက်နာ ဆောင်ရွက်ရေး အလေးထား ကြပ်မတ်ရန်လိုအပ်ချက်များကို ဆွေးနွေး မှာကြားခဲ့ကြောင်း သတင်းရရှိသည်။