Skip to main content
x

လေးမျက်နှာမြို့၌ ငါးသယံဇာတများတိုးပွားစေရေး ငဝန်မြစ်အတွင်း ငါးမျိုးများစိုက်ထည့်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ်ချောင်းများအတွင်း ငါးသယံဇာတများရေရှည်တည်တံစေရေး၊ ကျေးလက်နေပြည်သူ များ ငါးရိက္ခာကိုပိုမိုရရှိနိုင်စေရေးနှင့် ငါးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးတို့ကို ရည်ရွယ်၍ လေးမျက်နှာမြို့၊ ခတ္တူကျေးရွာအုပ်စု ထူပါရုံစေတီတော်မြတ်ကြီးအနီး၊ ငဝန်မြစ်အတွင်း ငါးမျိုး စိုက်ထည့်ခြင်းအခမ်းအနားကို ဩဂုတ် ၃၀ရက်နေ့ နံနက်၈နာရီက ငဝန်မြစ်ကမ်းနား၌ကျင်းပသည်။

အဆိုပါငါးမျိုးစိုက်ထည့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ဌာန ဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ အမျိုသမီးရေးရာအဖွဲ့ ဝင်များ၊ ရေလုပ်ငန်းဖွံဖြိုးတိုးတက်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲဝင်များ တက်ရောက်ပြီး နှစ်လက်မ အရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၁၀၀၀၀၀နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၁၅၀၀၀၀ အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။