Skip to main content
x

ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်လှစ်

ဧရာ၀တီတိုင်းဒေသကြီး၊  မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်ရှိ အမှတ်(၅၇)စက်မှုလယ်ယာစခန်း၊ ပန်းတနော်မြို့မှ  ဦးစီး၍ '' အမှတ်စဉ်(၁/၂၀၂၃-၂၀၂၄)ရိတ်သိမ်းခြွေလှေ့စက်မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)တောင်သူပညာပေးသင်တန်း'' ဖွင့်ပွဲကို ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ(၁၈)ရက်နေ့ နံနက်(၉:၃၀) နာရီ၌ ကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးနိုင်ဝင်းမှ   အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၊ စက်မှုလယ်ယာဦးစီးဌာန ၊ ခရိုင်ဦးစီးဌာနမှူး ဦးသန်းဇော်ဦးမှ သင်တန်းနှင့်   ပတ်သက်သည်များကို ရှင်းလင်းပြောကြားကာ သင်တန်းသား ( ၃၁ ) ဦး အား  သင်တန်းအတွက် သင်ထောက်ကူပစ္စည်းများ ပေးအပ်ပြီး သင်တန်းတွင်အသုံးပြုမည့် လယ်ယာသုံး စက်ကိရိယာများကို ကြည့်ရှူ၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်၊၊    

သင်တန်းကာလမှာ (၁၈.၉.၂၀၂၃) ရက်နေ့မှ ( ၂၉.၉.၂၀၂၃ ) ရက်နေ့အထိ ( ၂ ) ပတ်ကြာမြင့်မည် ဖြစ်သည်၊၊