Skip to main content
x

ရှမ်းပြည်နယ်(ရှေ့)တွင် ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေ

ကုန်းမြင့်ဒေသနေပြည်သူများ ဒေသဝမ်းစာဖူလုံရေး၊ မိသားစုဝမ်းစာဖူလုံရေးအတွက် တနိုင်တပိုင် ရွှေ့ပြောင်းတောင်ယာစနစ်ကို အမှီပြုလျက်ရှိသော ဒေသခံပြည်သူများ၏ အခြေခံ စားဝတ်နေရေးလိုအပ်ချက်များ ပြည့်စုံစေရန်နှင့် လူမှုဘဝတိုးတက်မြင့်မားလာစေရန် ရည်ရွယ်ကာ ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းအား စက်မှုလယ်ယာဦးစီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါသည်။

ကုန်းမြင့်လယ်ယာမြေဖော်ထုတ်ခြင်းလုပ်ငန်းများကို (၂၀၂၃၂၀၂၄)ခု၊ ဘဏ္ဍာရေးနှစ်တွင် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ်()ကုန်းမြင့်ဒေသလယ်ယာမြေဖော်ထုတ်ရေးစီမံကိန်းရုံး၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့မှ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ကုလားကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဧက(၁၀၀) နမ့်ခမ်း၊ ဘူးဆာ၊ ဖပဲကျေးရွာ များတွင် ပြည်နယ်ရန်ပုံငွေဖြင့် ဧက(၁၀၀) စုစုပေါင်းဧက(၂၀၀)ဖော်ထုတ်ရန် လျာထား၍ ဆောင်ရွက်လျက်ရှိပါသည်။

အဆိုပါလျာထားလုပ်ငန်းများအနက်မှ ကျိုင်းတုံခရိုင်၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာ အုပ်စု၊ ပန်ကုလားကျေးရွာတွင် ပြည်ထောင်စုရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသော ကုန်းမြင့် လယ်ယာမြေဧက(၁၀၀)အား ၂၀၂၃ခုနှစ်၊ အောက်တိုဘာလအတွင်း Excavator()စီး၊ ထွန်စက် ()စီးတို့ဖြင့် လုပ်ငန်းများစတင်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး (.၁၁.၂၀၂၃)ရက် နေ့ထိ တောရှင်း(၁၅)ဧက၊ ငုတ်ထုတ်(၁၂)ဧက၊ ကုန်းမြင့်လယ်ယာမြေ(၁၀)ဧကတို့အား ဖော်ထုတ် ပြီးစီးခဲ့ပြီးဖြစ်ကြောင်းနှင့် လုပ်ငန်းများအားလုံးအား (၂၀၂၃၂၀၂၄)ခု၊ဘဏ္ဍာရေးနှစ် အတွင်း ပြီးစီးအောင်မြင်အောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။