Skip to main content
x

နိုင်ငံတစ်ဝန်း ယခုနှစ်အတွက် ငါးသားပေါက်ကောင်ရေ ၁၀၁၂ ဒသမ ၀၇၅ သိန်း စိုက်ထည့်ပေးသွားမည်

နေပြည်တော် ဇွန် ၁၅
ဧရာဝတီမြစ်အတွင်း ငါးမျိုး စိုက်ထည့်ပွဲ အခမ်းအနားကို ဇွန်လ ၁၂ ရက်နေ့ က စစ်ကိုင်းတံတား အနီး၌ ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က ငါးမျိုးစိုက်ထည့်ပေးသည်။   
ငါးကောင်ရေနှစ်သိန်းစိုက်ထည့်
နိုင်ငံတစ်ဝှမ်း ယခုနှစ်အတွက် ငါးသားပေါက်ကောင်ရေ (၁၀၁၂.၀၇၅)သိန်း ငါးမျိုးစိုက်ထည့်ပေး သွားမည်ဖြစ်ပြီး ယနေ့အခမ်းအနားတွင် ရေဦးငါးလုပ်ငန်းစခန်းက ထုတ်လုပ်သည့် (၂)လက်မအရွယ် ငါးမြစ်ချင်း တစ်သိန်း၊ ငါးခုံမကြီး ငါးသောင်း၊  ရွှေဝါငါးကြင်း ငါးသောင်း ၊ စုစုပေါင်းငါးကောင်ရေ (၂)သိန်းကို စိုက်ထည့်ပေးခဲ့ခြင်းဖြစ်သည်။
ဒုတိယဝန်ကြီးသည် ခရီးစဉ်အတွင်း သမဝါယမတက္ကသိုလ်(စစ်ကိုင်း)၏ သင်ကြားမှု သင်ယူမှုဆိုင်ရာလုပ်ငန်းများ ကိုလည်းကောင်း၊ RC ၃ထပ် စာသင်ဆောင် တည်ဆောက်မှု လုပ်ငန်းများကိုလည်းကောင်း၊ ပြည်ပပို့ကုန် အဖြစ် အော်ဂဲနစ် စိုက်ပျိုးရေးထွက်ကုန်များ ထုတ်လုပ်ခြင်း နှင့် စိုက်ပျိုးနည်းပညာပေး လုပ်ငန်းများဆောင်ရွက်နေသော ပုဂ္ဂလိကလုပ် ငန်းများကိုလည်းကောင်း၊ ပုဂ္ဂလိကကဏ္ဍမှ မွေးမြူလုပ်ကိုင်လျက်ရှိသော  ဒေသမျိုးဖြစ်သည့် ပြာစိမ်းနွား ၊ ဂျိတ်နီ ဆိတ် နှင့် စီပီဝက် မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း၊ ရွှေဘိုမြို့နယ်၊ လှတောကျေးရွာတွင် စိုက်ပျိုးရေးဦးစီးဌာန သီးနှံပိုးမွှားရောဂါ ကာကွယ်ရေးဌာနခွဲက ဆောင်ရွက်လျက်ရှိသည့် တောင်သူအကျိုးပြုမိတ်ဆွေပိုး ဥကပ်ပါးနဂျီကို ဇီဝနည်းပညာ အသုံးပြု မွေးမြူရေးလုပ်ငန်းများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးအားပေးခဲ့သည်။
ထို့နောက် ဝက်လက်မြို့နယ် စိုင်နိုင်ကြီးရွာ ရှိ Type-A အဆင့်ရှိ စပါးမျိုး သန့်စက် တပ်ဆင်ပြီးစီးမှု နှင့် စပါးပေါင်းခံရည် ထုတ်လုပ်နေမှု၊ ရွှေဘိုမြို့ ချီပါမျိုးသန့်ခြံ၏ မျိုးသန့်မျိုးစေ့များထုတ်လုပ်ပေးနေမှု Type-B အဆင့်ရှိ မျိုးသန့်စက်ရုံ နှင့် ဓါတ်ခွဲခန်း မျိုးသန့်စက်တပ်ဆင်ပြီးစီးမှု၊ ဧက ၇၁၀၀ ရှိသည့် လှတောမြောင်းခွဲ မြောင်းဘောင်များ ပြုပြင်နေမှု၊ ရွှေဘိုမြောင်းမတော် လက်တံမြောင်း အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များကို ဆွေးနွေးမှာကြားသည်။