Skip to main content
x

မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်အတွင်း ငါးမျိုးများစိုက်ထည့်

ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ထိန်းသိမ်းနိုင်ရေးနှင့် ဒေသခံပြည်သူများ အလုပ် အကိုင်၊ အခွင့်အလမ်းနှင့်ဝင်ငွေရရှိစေရန်၊ ငါးမျိုးကောင်းမျိုးသန့်များ ရေရှည်တည်တံ့ ပြန့်ပွား စေရန်၊ ငါးရိက္ခာများရေရှည်စားသုံးနိုင်ရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး ငါးလုပ်ငန်း ဦးစီးဌာန က မှော်ဘီမြို့နယ်၊ ဖူးကြီးရေလှောင်တမံ သဘာဝရေပြင်သို့ ငါးမျိုးစိုက်ထည့်သည့် အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်းဒေသကြီးဦးစီး ဌာနမှူး ဒုတိယညွှန်ကြားရေးမှူးဦးတင်ထွဋ်၊ ရန်ကုန်မြောက်ပိုင်းခရိုင်ဦးစီးဌာနမှူး၊ မွေးမြူရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူးဒေါ်သင်းသင်းဦး၊ မှော်ဘီမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဖြိုးအောင်ကြည်နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ကြီးကြပ်ရေးအဖွဲ့ဝင် များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဖူးကြီးရေလှောင်တမံမှ တာဝန်ရှိသူနှင့် ဝန်ထမ်းများ မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ်မှတာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး နှစ်လက်မ အရွယ်ငါးခုံးမကြီးငါးကောင်ရေ(၃)သိန်းနှင့်ငါးမြစ်ချင်းငါးကောင်ရေ(၃)သိန်းစုစုပေါင်းငါးကောင်ရေ (၆) သိန်းအား စုပေါင်းမျိုးစိုက်ထည့်ခဲ့ပါသည်။

အဆိုပါငါးသားပေါက်များကို လှော်ကား ငါးလုပ်ငန်းစခန်းနှင့် လေးထောင့်ကန်ငါးလုပ်ငန်း စခန်းတို့မှ သားဖောက်ထုတ်လုပ်ပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။