Skip to main content
x

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

နေပြည်တော်၊ ဇွန်လ ၂၃
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဖလား ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းလုံးအားကစားပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်း က နေပြည်တော် ပျဉ်းမနား ရှိ ပေါင်းလောင်းအားကစားရုံ ၌ ကျင်းပပြုလုပ်ရာ အခမ်း အနားသို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး ၊ ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန််ကြားရေးမှူးချုပ်များ နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဦးစီးဌာနများမှ အရာထမ်းအမှုထမ်းများ နှင့် နိုင်ငံဝန်ထမ်း အားကစား သမားများ တက်ရောက်ကြသည်။

 ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပထမဆုရ သမဝါယမဦးစီးဌာန အသင်းအား ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး က တံခွန်စိုက်ဆုဖလားကိုလည်းကောင်း၊ တစ်ဦးချင်း အသင်းသားများကို ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး က လည်းကောင်း ၊ ဒုတိယဆုရ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် ၊ တတိယဆုရ စက်မှုလယ်ယာဦးစီးဌာန နှင့် နှစ်သိမ့်ဆုရ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ကို အမြဲတမ်းအတွင်းဝန် နှင့်တာဝန်ရှိသူများက လည်းကောင်း  ဆုများ အသီးသီးချီးမြှင့်ပေးအပ်ကြသည်။

နိုင်ငံ့တာဝန်ထမ်းဆောင်နေကြသော စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန အောက်ရှိ ဝန်ထမ်းများ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး၊ အချင်းချင်း ရင်းနှိးချစ်ခင်ရေး၊ စုပေါင်းဆောင်ရွက်သည့် အသင်းအဖွဲ့စိတ် ပိုမိုဖြစ်ပေါ်စေရေး နှင့် အပန်းပြေပြီး စိတ်ရွှင်လန်းစေရေးရည်ရွယ်လျက် အားကစားနည်းများအလိုက် ပြိုင်ပွဲများ ဆက်လက်ကျင်းပသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။