Skip to main content
x

စဉ့်ကူးမြို့နယ် ရတနာသိင်္ခတံတားအနီး ဧရာဝတီမြစ်အတွင်း ငါးမျိုးများစိုက်ထည့်

ပြင်ဦးလွင်ခရိုင်၊ စဉ့်ကူးမြို့နယ် ရတနာသိင်္ခတံတားအနီး ဧရာဝတီမြစ်အတွင်း ငါးမျိုးများ စိုက်ထည့်ခြင်းအခမ်းအနားကို (၂၃.၆.၂၀၂၁)ရက်နေ့ နံနက် (၉:၀၀)နာရီအချိန်တွင် ကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသော်တာထွန်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းကိုဦး၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ် ဦးဆန်းညွန့်၊ မြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးနေလင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီမှူး ဦးခင်မောင်သန်း၊ ရဲအုပ် အောင်မျိုးဦး၊ လဝကဦးစီးမှူး၊ စိုက်ပျိုးရေးဘဏ်၊ စီးပွားရေးဘဏ်၊ မြို့နယ်မြေစာရင်းဦးစီးဌာနမှူး၊ စာတိုက်မှူး၊ မီးသတ်တပ်ဖွဲ့မှူး၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူး၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ စည်ပင်(AE)နှင့်ဝန်ထမ်းများ၊ သရက်ကုန်းငါးလုပ်ငန်းစခန်းနှင့် ရေနံသာငါးလုပ်ငန်းစခန်းတို့မှ တာဝန်ခံများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက်ပြီး (၂)လက်မအရွယ် ရွှေဝါ ငါးကြင်းကောင်ရေ (၁)သိန်း၊ ငါးခုံးမကြီးကောင်ရေ(၂.၅)သိန်း၊ ငါးမြစ်ချင်း ကောင်ရေ(၁.၅)သိန်း စုစုပေါင်းငါးသားပေါက်ကောင်ရေ(၅)သိန်းအား မျိုးစိုက်ထည့်ပေးခဲ့ ကြောင်း သိရသည်။