Skip to main content
x

လွိုင်လင်မြို့နယ် ကျေးရွာ(၂)ရွာတွင် တစ်အိမ်သုံးဆိုလာစနစ်ဖြင့် မီးရရှိရေးဆောင်ရွက်ပြီးစီးမှုအား ကွင်းဆင်းစစ်ဆေး

လွိုင်လင် ဇွန် ၂၃

            ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ လွိုင်လင်မြို့နယ်အတွင်းရှိ ခိုက်မိုက်ဆော့၊ နောင်ကွတ် ကျေးရွာ(၂)ရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဂျာမန်ဖွံဖြိုးရေးဘဏ် နှင့် ကျေးရွာပြည်သူလူထုပူးပေါင်းထည့်ဝင်ငွေများဖြင့် တစ်အိမ်သုံးဆိုလာစနစ် မီးရရှိရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအားလွိုင်လင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊မြို့နယ်ဦးစီးမှူး နှင့် ဝန်ထမ်းများမှ ယနေ့နံနက် ၁၀ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။

            ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် လွိုင်လင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းနှင့် ဝန်ထမ်းများက ကျေးရွာမီးလင်းရေးကော်မတီဝင်များ နှင့်အတူ တစ်အိမ်သုံးဆိုလာနှင့် ဆက်စပ်ပစ္စည်းများတပ်ဆင်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဆိုလာ နှင့်ဆက်စပ်ပစ္စည်းများ ရေရှည်တည်တံ့ခိုင်မြဲစေရေး စနစ်တကျ အသုံးပြုသွားကြရန် မြို့နယ်ဦးစီးမှူး က ဆွေးနွေးမှာကြားခဲ့သည်။

            ခိုက်မိုက်ဆော့ကျေးရွာတွင် မီးရရှိရေးအတွက် တစ်အိမ်သုံး(၆၀)ဝပ် ဆိုလာ(၇၅)လုံးနှင့် နောင်ကွတ် ကျေးရွာတွင်(၆၀)ဝပ် ဆိုလာ(၄၉)လုံးကို ယခုနှစ် ဧပြီလအတွင်းက စတင်တပ်ဆင် ဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် ဆိုလာများအားလုံး တပ်ဆင်ဆောင်ရွက်ပြီးဖြစ်ကာ တစ်အိမ်သုံး ဆိုလာများကို ဒေသခံပြည်သူများက မိမိပိုင်ပစ္စည်းကဲ့သို့ စနစ်တကျ ကိုင်တွယ်အသုံးပြုစေရန် ရည်ရွယ်၍ ဝပ်(၆၀) ဆိုလာစနစ်အတွက် ငွေကျပ်(၅၀၀၀ဝိ/-)ကျပ်နှင့် ဝပ်(၁၀၀)ဆိုလာစနစ်အတွက် ငွေကျပ်(၁၅၀၀၀ဝိ/-) ပြည်သူအချိုးကျ အရစ်ကျစနစ်ဖြင့် (၂)ကြိမ်ခွဲ၍ ထည့်ဝင်ရပြီး ဆိုလာစနစ် (၁)စုံစာအတွက် ကျန်ရှိသည် တန်ဖိုးကို စီမံကိန်းရန်ပုံငွေမှ ကျခံပေးပြီး စီမံကိန်းကျေးရွာရှိ အများပြည်သူပိုင်အဆောက်အဦများဖြစ်သည့် စာသင်ကျောင်း၊ ဆေးပေးခန်း၊ ဘာသာရေးကျောင်းနှင့် လမ်းမီးတိုင်များကို စီမံကိန်းရန်ပုံငွေမှ ရာနှုန်းပြည့်အခမဲ့ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း လွိုင်လင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်ဟိန်းက ပြောပြ၍ သိရသည်။