Skip to main content
x

တွံတေးမြို့နယ် ဇီးဖြူကုန်းချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်းနှင့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးမှကြီးမှူး၍ (၆-၇-၂၀၂၁) ရက်နေ့က တွံတေး မြို့နယ် ဇီးဖြူးကုန်းချောင်းအတွင်း တွံတေးငါးလုပ်ငန်းစခန်းမှ ၂ လက်မ အရွယ် ငါးမြစ်ချင်း၊ ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး ငါးကောင်ရေ (၅)သိန်း အား မျိုးစိုက်ထည့်ခြင်း အခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ဒုတိယတိုင်းဒေသကြီးဦးစီးဌာနမှူး ဦးတင်ထွဋ်၊ တောင်ပိုင်းခရိုင် အဖွဲ့ဝင်(၂) တွံတေးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဗိုလ်မှူးဇာနည်မောင်၊ တောင်ပိုင်းခရိုင် ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်နှင့် အနောက်ပိုင်းခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအောင်ဇော်ဝင်း၊ ရန်ကုန်တိုင်းငါးလုပ်ငန်းအဖွဲ့ချုပ်ဉက္ကဋ္ဌ ဦးစောမြင့်ဆွေ၊ တောင်ပိုင်းခရိုင်မြို့နယ်မှူးများနှင့် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ကွပ်ကွဲရေးကော်မတီအဖွဲ့ဝင်များတက်ရောက်ခဲ့ပြီး ဇီးဖြူကုန်း ချောင်းအတွင်းသို့ ငါးမျိုးစိုက်ပေးခဲ့ပါသည်၊ ထို့နောက် ဒုတိယတိုင်းဦးစီးမှူးနှင့်အဖွဲ့သည် တွံတေး ငါးလုပ်ငန်းအတတ်သင်သိပ္ပံတွင်ဖွင့်လှစ်သည့် ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP)သင်တန်းအမှတ်စဉ်(၄/၂၀၂၁)ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းအတွင်း ငါးမျိုးစိုက် ထည့်ပေးရန် ငါးသားပေါက်များ ပြုစုထားရှိမူ အခြေအနေအား ဒုတိယတိုင်းဦးစီးမှူး ဦးတင်ထွဋ်နှင့် မွေးမြူရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦးတို့မှ လိုက်လံစစ်ဆေး ကြည့်ရှုခဲ့ ကြောင်း သိရသည်။