Skip to main content
x

အင်းတကော်မြို့ရှိ ရွှေပြည်(၂) ရေလှောင်တမံ အတွင်း ငါးမျိုးစိုက်ထည့်ခြင်း

ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနကြီးကြပ်မှုဖြင့် ငါးသယံဇာတ မပြုန်းတီးရေး၊ ငါးရိက္ခာဖူလုံးစေရေး၊ ငါးစားသုံးမှု မြင့်မားလာစေရေးအတွက် ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်နေသော ပဲခူးမြို့နယ်၊ အင်းတကော်မြို့ရှိ ရွှေပြည်(၂)ရေလှောင်တမံအတွင်း၌ (၆.၇.၂၀၂၁)ရက်နေ့ နံနက်(၀၉:၀၀)နာရီအချိန်၌ “ငါးမျိုးစိုက်ထည့်ခြင်း”အခမ်းအနားကို COVID-19 စည်းမျဉ်းစည်းကမ်း ညွှန်ကြားချက်များနှင့်အညီ ပြုလုပ်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ငါးလုပ်ငန်းအဖွဲ့ချုပ်ဥက္ကဌ ဦးထွန်းထွန်းဝင်း၊ ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီ ဥက္ကဌ ဦးအောင်ကြည်၊ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ အင်းတကော်မြို့အုပ်ချုပ်ရေးမှူး၊ မြို့နယ်ငါးမျိုး စိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေး ကော်မတီဝင်များ၊ ပဲခူးငါးလုပ်ငန်း စခန်းတာဝန်ခံနှင့် ဝန်ထမ်းများ၊ တက်ရောက်ခဲ့ကြပြီး၊ ရွှေပြည်(၂)ရေလှောင်တမံအတွင်းသို့ပဲခူးငါးလုပ်ငန်းစခန်းမှ ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ(၂၀၀၀၀၀)၊ ရွှေဝါငါးကြင်း ငါးသားပေါက်ကောင်ရေ(၅၀၀၀၀)၊ စုစုပေါင်း ငါးသားပေါက်ကောင်ရေ(၂၅၀၀၀၀)ကောင်အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။