Skip to main content
x

ပဲခူးတိုင်းဒေသကြီးအတွင်း မတ်ပဲစိုက်ဧရိယာများအပေါ် ပိုးမွှားကျရောက်မှုနှင့်ပတ်သက်၍ သတင်းမှန် ထုတ်ပြန်ခြင်း

ပဲခူးတိုင်းဒေသကြီး မတ်ပဲစိုက်ဧရိယာများပေါ်တွင် ပိုးမွှားကျရောက်နေကြောင်း သတင်းမှားကို ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Voice of Myanmar Facebook စာမျက်နှာတွင် တင်ပြထားသည်ကို တွေ့ရှိရပါသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ ပဲခူးတိုင်းဒေသကြီးအတွင်း ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ၁၈-၁၂-၂၀၂၄ ရက်နေ့အထိ မတ်ပဲသီးနှံအား ပဲခူးခရိုင်တွင် (၅၄၄၄) ဧက၊ တောင်ငူခရိုင်တွင် (၂၃၁၈၄၀) ဧက၊ ညောင်လေးပင်ခရိုင်တွင် (၁၁၁၀၄၃) ဧက၊ ပြည်ခရိုင်တွင် (၆၃၂၅၀) ဧက၊ သာယာဝတီခရိုင်တွင် (၄၄၀၆၈၁) ဧက၊ နတ်တလင်းခရိုင်တွင် (၁၈၂၇၂၄) ဧက၊ စုစုပေါင်း (၁၀၃၄၉၈၂) ဧက စိုက်ပျိုးထားရှိပါကြောင်း၊ မတ်ပဲသီးနှံများအားလုံး ရှင်သန်ဖြစ်ထွန်းလျက်ရှိပြီး ပိုးမွှားရောဂါ ကျရောက်မှု မရှိကြောင်း စိစစ်တွေ့ရှိရသည့်အပြင် ပဲခူးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနသို့ ဆက်သွယ်စုံစမ်းချက်အရလည်း ပိုးမွှားရောဂါ ကျရောက်မှုမရှိကြောင်း သိရှိရပါသည်။

သို့ဖြစ်ပါ၍ ဆိုရှယ်မီဒီယာတစ်ခုဖြစ်သော Voice of Myanmar Facebook စာမျက်နှာပါ ပဲခူးတိုင်းဒေသကြီးအတွင်း မတ်ပဲစိုက်ဧရိယာများအပေါ် ပိုးမွှားကျရောက်လျက်ရှိခြင်း သတင်းနှင့်ပတ်သက်၍ သတင်းအမှားသာဖြစ်ကြောင်း စိစစ်တွေ့ရှိရပါသည်။


ပဲခူးတိုင်းဒေသကြီးမြေစာရင်းဦးစီးဌာန