Skip to main content
x

ဗန်းမော်ခရိုင် ကက္ကူဆည်အတွင်းငါးမျိုးစိုက်ထည့်

ကချင်ပြည်နယ် ဗန်းမော်ခရိုင်အတွင်း ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန် ငါးရိက္ခာဖူလုံစေရန် ငါးသယံဇာတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဗန်းမော်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးမြသိန်း ဦးဆောင်၍ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကဲရေးကော်မတီအဖွဲ့ဝင်တို့သည် ကက္ကူဆည်အတွင်းသို့ ၂ လက်မအရွယ် ငါးမြစ် ချင်းကောင်ရေ(၃၀၀၀၀)ကောင်နှင့် ငါးခုံးမကြီးငါးသားပေါက်ကောင်ရေ(၁၀၀၀၀)ကောင် စုစု ပေါင်း ငါးသားပေါက်ကောင်ရေ(၄၀၀၀၀)ကောင်တို့ကို (၁၂-၇-၂၀၂၁) ရက်နေ့တွင် ငါးမျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။