Skip to main content
x

စစ်ကိုင်း ငါးလုပ်ငန်းသင်တန်းကျောင်းတွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေးကျင့်စဉ် သင်တန်းဆင်း

ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်သင်တန်း(အမှတ်စဉ်၁/၂၀၂၁)ကို စစ်ကိုင်းငါးလုပ် ငန်းသင်တန်းကျောင်းတွင် (၉-၇-၂၀၂၁ရက်နေ့မှ (၁၀.၇.၂၀၂၁)ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ဖွင့်လှစ်ပို့ချခဲ့သည်။ 

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး ညွှန်ကြားရေးမှူး ဦးသက်နိုင်မှ သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ဖြစ်သော ငါမွေးတောင်သူများ၏လူမှုစီးပွားဘဝမြင့်မားလာစေ ရေး၊ အရည်အသွေးပြည့်ဝသော ငါး၊ ပုစွန်များမွေးမြူထုတ်လုပ်နိုင်စေရေး၊ ရေသတ္တဝါမွေးမြူထုတ်လုပ် ရာတွင် နိုင်ငံအဆင့်နှင့်နိုင်ငံတကာအစားအစာဘေးအန္တရာယ်ကင်းစင်မှုစံချိန်စံညွှန်းများနှင့်အညီသဘာဝ ပတ်ဝန်းကျင်အား ထိခိုက်မှုမရှိသော မွေးမြူထုတ်လုပ်မှုကျင့်စဉ် ဖြစ်ပါသဖြင့် ငါးမွေးတောင်သူများ လိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ရည်ရွယ်ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းပြောကြားခဲ့သည်။ သင်တန်း တွင် ကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး အမျိုးသားအဆင့် စံချိန်စံညွှန်း guidline ဖြင့် လုပ်ငန်း တည်နေရာရွေးချယ်ခြင်း၊ ဒီဇိုင်းပုံစံတည်ဆောက်ခြင်း၊ မျိုးစိတ်များရွေးချယ်ခြင်းနှင့် ထိန်းသိမ်းမွေးမြူ ခြင်း၊ သန့်ရှင်းကျန်းမာခြင်းနှင့်ရောဂါပိုးမွှားကင်းစင်ခြင်း၊ ရေသုံးစွဲမှုနှင့်စီမံခန့်ခွဲမှု၊ ငါးအစာစီမံခန့်ခွဲမှု၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ရောဂါစီမံခန့်ခွဲမှု၊ ဓာတုပစ္စည်းနင့်တိရိစ္ဆာန်သုံးမွေးမြူရေးဆိုင်ရာ ဆေးဝါး များစီမံခန့်ခွဲမှု၊ အလုပ်သမားများနှင့်လူမှု့အသိုင်းအဝိုင်း၊ ရာသီဉတုပြောင်းလဲမှုနှင့် ပြင်းထန်သော မိုးလေဝသအခြေအနေများ၊ ဘဏ္ဍာရေးဆိုင်ရာစီမံခန့်ခွဲမှု၊ ဉပဒေလုပ်ထုံးလုပ်နည်းကိုက်ညီမှုနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ အလေ့အထများနှင့် ပတ်သက်၍ သင်ကြားပေးခဲ့သည်။ ထို့နောက် သင်တန်း သားများမှ သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြသည်။ သင်တန်းသားများအား ဒုတိယ တိုင်းဒေသကြီးဦးစီးမှူး ဦးထွန်းထွန်းဦး၊ စစ်ကိုင်း ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအယ်တူးရိန်နှင့် စစ်ကိုင်းငါးလုပ်ငန်းသင်တန်းကျောင်းအုပ်ကြီး ဒေါ်ဉမ္မာအောင် တို့မှ သင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ခရိုင်/မြို့နယ်/သင်တန်းကျောင်း/ငါးဦးစီးရုံးများမှ ဝန်ထမ်းများနှင့် ဝက်လက် ၊ခင်ဦးမတ္တရာမြို့နယ်များမှ ငါးမွေးတောင်သူများ စုစုပေါင်း (၁၅)ဦးတက်ရောက်ခဲ့ကြောင်းသိသည်။