Skip to main content
x

သုံးခွမြို့နယ် ဖက်ကလစ်ရိုးသဘာဝရေပြင်နှင့်သုံးခွချောင်းအတွင်း ငါးကောင်ရေ ၆သိန်းမျိုးစိုက်

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် ဖက်ကလစ်ရိုးသဘာဝရေပြင်နှင့် သုံးခွ ချောင်းအတွင်းသို့ လှော်ကားငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းငါးသားပေါက်ကောင်ရေ ၃သိန်း နှင့် လေးထောင့်ကန်ငါးလုပ်ငန်းစခန်းမှ ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၃ သိန်း စုစုပေါင်း ၂ လက်မ အရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ ၆ သိန်း အား မျိုးစိုက်ထည့်ခဲ့ပါသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးတင်ထွဋ်၊ မွေးမြူရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဦး၊ တောင်ပိုင်းခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးအေးနိုင်၊ သုံးခွမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းစိုး၊  လှော်ကားနှင့် လေးထောင့်ကန် ငါးလုပ်ငန်းစခန်းမှ စခန်းတာဝန်ခံများ၊ သုံးခွ/ခရမ်းမြို့နယ် ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးတင့်နှင့်ဝန်ထမ်းများ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်ရေးအဖွဲ့ဝင်များ တက်ရောက်ပြီး ငါးမျိုးများ စိုက်ထည့်ခဲ့ကြောင်း သိရသည်။