Skip to main content
x

ပန်းတနော်မြို့နယ် နတ်ဆယ်ချောင်းအတွင်း ငါးမျိုးများစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ်ချောင်း အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံစေရန်နှင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုဖမ်းယူစားသုံးနိုင်ရေးအတွက် ၁၅.၈.၂၀၂၁ ရက်နေ့၊ နံနက်ပိုင်းက မအူပင်ခရိုင် ပန်းတနော်မြို့နယ် ကညှင်ကုန်းကျေးရွာအုပ်စု နတ်ဆယ်ချောင်းအတွင်း ငါးမျိုးစိုက် ထည့်ခဲ့သည်။

 အခမ်းအနားတွင် မအူပင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဆန်းဝင်း၊ ပန်းတနော်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်၊ ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ပန်းတနော်မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ ပန်းတနော်ငါးလုပ်ငန်းစခန်းတာဝန်ခံဒေါ်သင်းပပထွန်းနှင့်ဝန်ထမ်းများကျေးရွာအုပ်ချုပ်ရေးမှူးများငါးမွေးတောင်သူများနှင့်အတူ နှစ်လက်မအရွယ် ငါးမြစ်ချင်းသားပေါက်ကောင်ရေ သုံးသိန်း နှင့် ငါးခုံးမကြီးသားပေါက်ကောင်ရေ နှစ်သိန်း စုစုပေါင်းကောင်ရေ ငါးသိန်းတို့အား နတ်ဆယ် ချောင်းအတွင်း လှေများဖြင့် သွားရောက် မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။