Skip to main content
x

သာပေါင်းမြို့နယ် ငဝန်မြစ်အတွင်း ငါးကောင်ရေ သုံသိန်းကျော်မျိုးစိုက်ထည့်

ဧရာဝတီတိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်စေရေး၊ လူတစ်ဦးချင်းငါးစားသုံးမှုတိုးတက်လာစေရေး၊ ဒေသခံပြည်သူများ အလုပ် အကိုင် အခွင့်အလမ်းများဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုရည်ရွယ်၍ သာပေါင်းမြို့နယ် ငဝန်မြစ်အတွင်းငါးမျိုးများစိုက်ထည့်ခြင်းအခမ်းအနားကို ၁၅.၈.၂၀၂၁ရက်နေ့ နံနက်ပိုင်းက အဆိုပါ ဆိပ်ကမ်းတွင် ကျင်းပခဲ့သည်။

 အဆိုပါအခမ်းနားသို့ ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယတိုင်းဦးစီးမှူး ဦးသော်ထွန်းဦး၊ ခရိုင်စီမံအုပ်ချုပ်​ရေးအဖွဲ့ဝင်များ၊  ပုသိမ်ခရိုင်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ်ကွပ်ကွဲရေး ကော်မတီအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်၊ ပုသိမ်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးအေးနိုင်၊ သာ​ပေါင်း မြို့နယ်စီမံအုပ်ချုပ်​ရေးဉက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ ပုသိမ်ငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးမျိုးနိုင်ဦး မြို့နယ် အဆင့်ဌာနဆိုင်ရာများ စခန်းဝန်ထမ်းများနှင့် သာ​ပေါင်းမြို့နယ်ငါးလုပ်ငန်းဦးစီးမှူး ဦးမျိုးသိမ်းနှင့် ဝန်ထမ်းများတက်​ရောက်ခဲ့ပြီး ပုသိမ်းငါးသားပေါက်စခန်းမှထုတ်လုပ်သော ၂လက်မအရွယ် ငါးမြစ်ချင်းသားပေါက်​ကောင်​ရေ ၂၀၀၀၀၀ နှင့် ငါးခုံးမကြီး​​သားပေါက်ကောင်​ရေ ၁၅၀၀၀၀ စုစုပေါင်း ငါးသားပေါက်ကောင်ရေ ၃၅၀၀၀၀ အား မျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။