Skip to main content
x

မတ္တရာမြို့နယ် ဧရာဝတီမြစ်နှင့်ဆက်စပ်လျက်ရှိသော သဘာဝရေပြင်ရွှေတချောင်းအတွင်း ငါးမျိုးများစိုက်ထည့်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင် ခရိုင် မတ္တရာမြို့နယ် ဧရာဝတီ​မြစ်နှင့်ဆက်စပ် လျက်ရှိသော သဘာဝရေပြင်ရွှေတချောင်း အတွင်း၂ လက္မအရွယ် ငါးမြစ်ချင်းကောင်ရေ ၁၀၀၀၀၀နှင့် ငါးခုံးမကြီးကောင်ရေ ၅၀၀၀၀ စုစုပေါင်း ငါးသားပေါက် ၁၅၀၀၀၀ အား ဩဂုတ် ၁၇ရက် နံနက်( ၈:ဝဝ)နာရီချိန်တွင် ငါးမျိုးစိုက်ထည့်ခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်ငါးလုပ်ငန်းဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးဇော်သန်း၊ မတ္တရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဗိုလ်မှူးစန်းယု

(အတွင်းရေးမှူး)၊  ရဲမှူး ဇော်လင်းထွန်း၊ ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှု့ကော်မတီ ဥက္ကဋ္ဌ

ဦးမောင်မောင်သန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စဉ့်ကူးမြို့နယ် ငါးလုပ်ငန်း ဦးစီးဌာနမှူး ဦးနေလင်း၊ ရေနံ့သာငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးအေးလွင်နှင့် ဝန်ထမ်းများ မတ္တရာငါးလုပ်ငန်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းသန့်နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြ သည်၊ မန္တလေးတိုင်းဒေသကြီးတွင် ငါးလုပ်ငန်းစခန်း ၄ ခုရှိပြီး  ရေနံသာငါးလုပ်ငန်း စခန်း အနေဖြင့် ၂ လက်မအရွယ် ငါးမျိုးစိုက်လျာထားချက် သိန်း(၄၀)ပြည့်ပြီး ဖြစ်ကြောင်းသိရသည်။