Skip to main content
x

မြစ်သားမြို့နယ် ကင်းတားဆည်အတွင်း ငါးမျိုးစိုက်ထည့်ပွဲတက်ရောက်

ကျောက်ဆည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနသည် သဘာဝမြစ်ချောင်းအင်းအိုင်များ ဆည် တမံ ကန်များနှင့် သဘာဝရေပြင်များအတွင်းငါးသယံဇာတများပေါများလာစေခြင်းဖြင့် ကျေးလက်နေ ပြည်သူများ ငါးရိက္ခာပိုမိုစားသုံးနိုင်ရေးအတွက် ၂ လက်မအရွယ်ငါး သားပေါက် များငါးမျိုးစိုက်ထည့်လျှက်ရှိရာ ဩဂုတ်လ ၁၈ရက် နံနက် ၉နာရီအ ချိန်က ကင်းတားဆည်တွင် ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနာကို ကျင်းပပြုလုပ်ခဲ့သည်။

          အဆိုပါအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ၁ ဒုတိယဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ အဖွဲ့ဝင် ၂ ဦးအောင်သူ၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး အောင်မင်းစိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဉက္ကဋ္ဌ ဦးအေးခိုင်၊ အဖွဲ့ဝင် ၁ ဗိုလ်မှူးဝေးဖြိုးအောင်၊ ကူမဲမြို့ အုပ်ချုပ်ရေးမှူး ဦးနေလင်းထက်၊ ကူမဲငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစောအောင်ကိုလတ်နှင့် ဝန်ထမ်းများတက်ရောက်ခဲ့ပြီး ငါးမြစ်ချင်းသားပေါက်ကောင်ရေ သုံးသိန်းငါးသောင်းအား ကင်းတာဆည်အတွင်း မျိုးစိုက်ပေးခဲ့ကြောင်း သိရသည်။