Skip to main content
x

ပေါက်ခေါင်းမြို့နယ် တောင်နဝင်းဆည်အတွင်း ငါးမျိုးစိုက်ထည့်

ပဲခူးတိုင်းဒေသကြီးအတွင်း ငါးသယံဇာတများ ရေရှည်စဉ်ဆက်မပြတ်ဖွံဖြိုးတိုးတက်စေရေး၊ လူတစ်ဦးချင်းငါးစားသုံးမှု တိုးတက်စေရေးနှင့် ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့ကိုရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ပြုလုပ်သည့် ပေါက်ခေါင်းမြို့နယ်ရှိ တောင်နဝင်းဆည်တမံအတွင်း ငါးမျိုးစိုက်ထည့်ခြင်းကို အုတ်ဖို ငါးလုပ်ငန်းစခန်းမှ နှစ်လက်မ အရွယ် ငါးမြစ်ချင်းကောင်ရေ  ၆ သောင်း၊ ငါးခုံးမကြီးကောင်ရေ ၆  သောင်း စုစုပေါင်း ငါးသားပေါက်ကောင်ရေ  ၁၂၀၀၀၀ အား ပြည်ခရိုင်ငါးလုပ်ငန်းဦးစီးမှူး ဦးမြင့်နိုင် နှင့် မြို့နယ်ငါးသယံဇာတထိန်းသိမ်းရေးကော်မတီအဖွဲ့ဝင်များနှင့် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှု ကော်မတီဝင်များ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနနှင့် အုတ်ဖိုငါးလုပ်ငန်းစခန်းတာဝန်ခံ ဒေါ်မိုးသီတာနှင့် ဝန်ထမ်းများမှ သြဂုတ်လ ၂၀ ရက် နံနက်ပိုင်းတွင် ငါးမျိုးများစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။