Skip to main content
x

ဒိုက်ဦးမြို့နယ် ဘောနီဆည်အတွင်း ငါးကောင်ရေ သုံးသိန်းမျိုးစိုက်ထည့်

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒိုက်ဦးမြို့နယ်ငါးလုပ်ငန်းဦးစီး ဌာနမှ ရေရှည်စဉ်ဆက်မပြတ် ငါးလုပ်ငန်းများပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်၊ ငါးရိက္ခာ ဖူလုံစေရန်နှင့် ငါးသယံဇာတများတိုးပွားလာစေရန်ရည်ရွယ်၍ ဘောနီဆည်အတွင်းသို့ ဩဂုတ်၂၀ရက် နံနက် ၀၉:၀၀ နာရီအချိန်တွင် ငါးမျိုးစိုက်ထည့်ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ပဲခူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးဇော်မြင့်နိုင်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌဦးဝင်းမြင့်၊ မြို့နယ်ငါးမျိုးစိုက်ကြီးကြပ်ကွပ်ကဲရေးကော်မတီဥက္ကဋ္ဌ ဗိုလ်မှူး သက်နောင်ဦးနှင့်အဖွဲ့ဝင်များ၊ ဒိုက်ဦးမြို့နယ်ရဲတပ်ဖွဲ့မှူး ဦးကျော်လင်းထွန်း၊ မြို့နယ်ငါးလုပ်ငန်း ဦးစီးဌာနမှူးဦးစိုးထွန်းနှင့်ဝန်ထမ်းများ ၊မြို့နယ်ဆည်မြောင်းဦးစီးဌာနဦးစီးမှူး ဦးသက်သွေးလှိုင် နှင့် ဝန်ထမ်းများတက်ရောက်ကြပြီး ဘောနီဆည်အတွင်းသို့ ၂ လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ ၃၀၀၀၀၀ အား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။