Skip to main content
x

ကဝမြို့နယ် ပိုင်ကျုံရေထိန်းတံခါးအတွင်း ငါးမျိုးများစိုက်ထည့်

ကဝမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ်ချောင်း အင်းအိုင် ဆည်တမံ ကန်များ အတွင်း ငါးသယံဇာတများတိုးပွားလာစေရန်၊ ရေရှည်စဉ်ဆက်မပြတ်ငါးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက်လာစေရန်နှင့် ငါးရိက္ခာဖူလုံစေရန် ရည်ရွယ်၍ ဩဂုတ် ၂၀ ရက် နံနက် ၉:၀၀နာရီအချိန်က ပိုင်ကျုံရေထိန်းတံခါးတွင် ငါးမျိုးစိုက်ထည့်ပွဲကျင်းပခဲ့သည်။

အဆိုပါ ငါးမျိုးစိုက်ပွဲသို့ ပဲခူးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန ဒုတိယတိုင်းဦးစီးမှူး ဦးစိုးမင်း၊ ကဝမြို့နယ်ငါးလုပ်ငန်းဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ငါးမျိုးစိုက်ထည့်ခြင်း ကြီးကြပ် ရေးကော်မတီဝင်များဖြစ်သော စိုက်ပျိုးရေးဦးစီးဌာနမှူး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှူး၊ စီမံကိန်းဦးစီးဌာနမှူးနှင့် ရေလုပ်သားကြီးများတက်ရောက်ပြီး သနပ်ပင် ငါးလုပ် ငန်းစခန်းမှ သားဖောက်ထုတ်လုပ်သည့် ၂လက်မအရွယ် ငါးမြစ်ချင်းကောင်ရေ တစ်သိန်းနှင့် ငါးခုံးမကြီးကောင်ရေ တစ်သိန်းခြောက်သိန်း၊ စုစုပေါင်းငါးကောင်ရေ နှစ်သိန်းခြောက်သောင်း အား ပိုင်ကျုံရေထိန်းတံခါး အတွင်းမျိုးစိုက် ထည့်ပေးခဲ့ကြောင်း သိရသည်။