Skip to main content
x

ကရင်ပြည်နယ်ဝန်ကြီးချုပ် ဘားအံမြို့နယ် ခဝိချောင်းအတွင်း ငါးမျိုးစိုက်ပွဲ တက်ရောက်

ကရင်ပြည်နယ်အတွင်း ငါးသယံဇာတများ ရေရှည်တည်တံရေး၊ ကျေးလက်နေပြည်သူ များ ငါးရိက္ခာကို ပိုမိုစားသုံးနိုင်ရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများရရှိစေနိုင်ရေး တို့ကို ရည်ရွယ်၍  သဘာဝမြစ်ချောင်းအင်းအိုင်ဆည်တမံများအတွင်း ငါးမျိုးများစိုက်ထည့် လျှက်ရှိရာ စက်တင်ဘာ ၄ ရက် နံနက် (၈:ဝဝ) နာရီတွင် ဘားအံခရိုင်၊ ဘားအံမြို့နယ်၊ ကော့ထော်ကျးရွာ၊ ခဝိချောင်းအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားကျင်းပပြုလုပ်ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးမှ တက်ရောက်ပြီး ငါးမျိုးစိုက်ထည့်ပေးခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်ငါးလုပ်ငန်းဦးဌာနမှူး ဦးစုံမိုင်း၊ ပြည်နယ်/ခရိုင် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ပြည်နယ်/ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဝန်ထမ်းများ၊ ဘားအံခရိုင် ငါးမျိုးစိုက်ထည့်ခြင်းကြီးကြပ်မှုကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး ခဝိချောင်းအတွင်းသို့ ဘားအံငါးလုပ်ငန်းစခန်းမှ ၂ လက်မအောက်ခံအရွယ် ငါးခုံးမကြီး ကောင်ရေ ၃၅၀၀၀ အား မျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။