Skip to main content
x

ပခုက္ကူမြို့နယ် ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်း

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ်ချောင်းဆည် တမံကန်များအတွင်း ငါးသယံဇာတများတိုးပွားလာစေခြင်းဖြင့် ကျေးလက်နေပြည်သူများ ငါးရိက္ခာပိုမိုစားသုံးနိုင်ရေးနှင့် မိသားစုတစ်ပိုင်တစ်နိုင်ဝင်ငွေတိုးစေရေးတို့အတွက် ရည်ရွယ်၍ ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၃ ရက်တွင် ပခုက္ကူမြို့၊ အမှတ် ၁ ရပ်ကွက်၊ ဗုဒ္ဓကုန်းရပ်၊ ရွှေမုဌောကမ်းပါး၌ ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားသို့ ပခုက္ကူခရိုင်စီမံအုပ်ချုပ်မှုအဖွဲ့ ဥက္ကဋ္ဌ ဦးစန်းလှိုင်နှင့် အဖွဲ့ဝင်များ၊ ပခုက္ကူမြို့နယ်စီမံအုပ်ချုပ်မှုအဖွဲ့ဥက္ကဌ ဦးမိုးကျော်သူနှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ် ငါးမျိုးစိုက် ထည့်ခြင်းကြီးကြပ်ကွပ်ကဲရေးကော်မတီဝင်များ၊ ပခုက္ကူခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးရဲလွင်သိန်းနှင့်ဝန်ထမ်းများ၊ တောင်တွင်းကြီးငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးကျော်စွာဝင်း နှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြပြီး တောင်တွင်းကြီးငါးလုပ်ငန်းစခန်းမှ သားဖောက်ထုတ်လုပ် သော ၂ လက်မအရွယ် ငါးမြစ်ခြင်းငါးသားပေါက်ကောင်ရေ ၁၀၀၀၀၀ နှင့် ငါးခုံးမကြီး ငါးသားပေါက်ကောင်ရေ ၁၀၀၀၀၀၊ စုစုပေါင်းငါးသားပေါက်ကောင်ရေ ၂၀၀၀၀၀ ကို ငါးမျိုးစိုက် ထည့်ခဲ့ကြောင်း သိရသည်။