Skip to main content
x

ကမ္ဘာ့ခွေးရူးရောဂါကာကွယ် တိုက်ဖျက်ရေးနေ့အခမ်းအနား ကျင်းပခြင်း

မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ၂၀၂၁ ခုနှစ် စက်တင်ဘာလ (၂၈)ရက်တွင် ကျရောက် သော ၁၅ ကြိမ်မြောက် ကမ္ဘာ့ခွေးရောဂါတိုက်ဖျက်ရေးနေ့ အခမ်းအနားအား Online Virtual စနစ် ဖြင့် (၂၈-၉-၂၀၂၁)ရက် နံနက် ၁0 နာရီမှ မွန်းတည့် ၁၂ နာရီအထိ ကျင်းပခဲ့ပါသည်။ အခမ်းအနား တွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် အရာထမ်းများ၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံတိရစ္ဆာန်ဆေးပညာကောင်စီ နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ (OIE)၏ အာရှ ပစိဖိတ်ရုံးခွဲမှ  ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကု ဆရာဝန်များအသင်းမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံမွေးမြူရေး လုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန တိုင်းဒေသကြီး/ပြည်နယ်အသီးသီးမှ တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးများ၊ ဒုတိယတိုင်းဒေသကြီး/ပြည်နယ်ဦးစီးမှူးများ၊ ခရိုင်နှင့်မြိုနယ်ဦးစီးမှူးများ  စုစုပေါင်း (၁၀၀)ဦး တက်ရောက်ခဲ့ပါသည်။ အခမ်းအနားတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။

အခမ်းအနားတွင် ၂၀၂၁ ခုနှစ်၏ ဆောင်ပုဒ်ဖြစ်သည့် “ခွေးရူးရောဂါကင်းစင်ရေး ရင်ဆိုင် လက်တွဲပူးပေါင်းပေး” ဟူသော ဆောင်ပုဒ်နှင့်အညီ မွေးမြူရေးနှင့်ကုသရေးဦးဌာန၊ ပြည်သူ့ ကျန်းမာရေးဦးစီးဌာန၊ မြန်မာနိုင်ငံ တိရစ္ဆာန်ဆေးကုဆရာဝန်များအသင်း စသည့် ဌာန အဖွဲ့အစည်း အသီးသီးမှ ခွေးရူးရောဂါကင်းစင်ရေးအတွက် ဆောင်ရွက်နေမှုများအား ဆွေးနွေးတင်ပြခဲ့ကြပါ သည်။ Covid-19 ရောဂါဆိုင်ရာ ကန့်သတ်မှုများအကြား Covid-19 ရောဂါ ကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ  ခွေးရူးရောဂါကာကွယ်ဆေးထိုးနှံခြင်း၊ ပြည်သူလူထု အသိပညာ ပေးခြင်းနှင့် Stray Dog ခွေးကောင်ရေထိန်းချုပ်နိုင်ရေးအတွက် ခွဲစိတ်ဆောင်ရွက်ခြင်း စသည့် လုပ်ငန်းစဉ်များ ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေး အဖြေရှာ အကြံပြုခဲ့ကြပါသည်။