Skip to main content
x

လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ၊ စက်မှုလယ်ယာဦးစီးဌာန၊သင်တန်းကျောင်း ၊   ဘုရားကြီးမြို့တွင် အမှတ်စဉ်( ၁/၂၀၂၁-၂၀၂၂ )     လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အထူး)သင်တန်းဖွင့်ပွဲအခမ်းအနားကို( ၆.၁၂.၂၀၂၁ )နေ့နံနက်(၀၉:၀၀)နာရီတွင် ဖွင့်လှစ်ခဲ့ပြီးပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ တိုင်း ၊ ခရိုင် ၊မြို့နယ်တို့မှဌာနဆိုင်ရာတာဝန်ရှိသူများ  ၊   သင်တန်းကျောင်းမှ  ဆရာ  ၊  ဆရာမများနှင့်  တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည်။

ဖွင့်ပွဲအခမ်းအနားတွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ အဖွင့်အမှာစကားပြောကြားပြီး ၊ စက်မှုလယ်ယာဦးစီးဌာန၊ သင်တန်းကျောင်း ၊ ကျောင်းအုပ်ကြီးမှသင်တန်းနှင့်ပတ်သက်သည်များကိုရှင်းလင်းတင်ပြခဲ့ပါသည်။သင်တန်းတွင်  တိုင်းဒေသကြီးနှင့် ပြည်နယ် (  ၄  ) ခုမှ သင်တန်းသား ( ၄၂ )ဦးတက်ရောက်ခဲ့ပြီးသင်တန်းကာလမှာ ( ၆.၁၂.၂၀၂၁ ) မှ ( ၃၀.၁၂.၂၀၂၁ ) ထိဖြစ်ကြောင်းသိရပါသည်။