| ဝန်ဆောင်မှုကဏ္ဍ | þG2C, ¨G2B, ¨G2G, ¨G2V | 
| ဝန်ဆောင်မှုခေါင်းစဉ် | ရိတ်သိမ်းခြွေလှေ့ခြင်းဝန်ဆောင်မှု | 
| ရိတ်သိမ်းခြွေလှေ့ခြင်းဝန်ဆောင်မှု လုပ်ငန်း | ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းအတွက်ရိတ်သိမ်းခြွေလှေ့စက် ငှားရမ်း ဆောင်ရွက်လိုသည့် တောင်သူလယ်သမားများသည် မိမိနေထိုင်ရာမြို့နယ်(သို့မဟုတ်) နီးစပ်ရာမြို့နယ်ရှိ စက်မှုလယ်ယာစခန်းသို့သွားရောက်ပြီးရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းတောင်းခံစာရင်းဖြင့်လျောက်ထားရမည်။၎င်းရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်း ဆောင်ရွက်လိုသော လယ်ယာမြေဧကအတွက် ရိတ်သိမ်းခြွေလှေ့ခ ပေးသွင်းငွေအား စက်မှုလယ်ယာစခန်းရုံးမှချလံပြုစုပေး၍တောင်သူများကိုယ်တိုင်ဘဏ်သို့ပေးသွင်းရမည်။ရိတ်သိမ်းခြွေလှေ့ခငွေပေးသွင်းပြီးပါက ရိတ်သိမ်းခြွေလှေ့စက်ဖြင့် လုပ်ကိုင်ခွင့်အမိန့် ထုတ်ပေးပြီး စက်မောင်းနှင့်အတူရိတ်သိမ်းခြွေလှေ့စက်ကို ငှားရမ်းသည့်တောင်သူများ၏လယ်ကွင်းသို့စေလွှတ်ပါသည်။ ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးပါက ရိတ်သိမ်းခြွေလှေ့ခြင်းလုပ်ငန်းပြီးစီးမှုစာရင်းတွင် တောင်သူတို့မှပြီးစီးကြောင်း လက်မှတ်ရေးထိုးပေးရမည်။ | 
| ဝန်ဆောင်ခ | ရိတ်သိမ်းခြွေလှေ့ခြင်း(၁)ဧက-၃၅၀၀ဝိ/- | 
| လိုအပ်သောစာရွက်စာတမ်းများ | ရိတ်သိမ်းခြွေလှေ့စက်တောင်းခံစာရင်း | 
| ဝန်ဆောင်မှုပေးသည့်ဌာနအား ဆက်သွယ်ရမည့်လိပ်စာ | တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိစက်မှုလယ်ယာစခန်းများ | 
 
 
