မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန
တင်ဒါအဆိုပြုလွှာခေါ်ယူခြင်း
၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနပိုင် ပဲခူးတိုင်းဒေသကြီးရှိ ဘုရားကြီးကြက်မွေးမြူရေးခြံ(၁၀၁.၉၇)ဧကတွင် ဝက်နှင့်ကြက်မွေးမြူရေး လုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့်ဆက်စပ်သော ပြုပြင်မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက် နှစ်ရှည် ငှားရမ်းလုပ်ကိုင်ခွင့်ပြုမည်ဖြစ်ရာ လုပ်ငန်းများ ဆောင်ရွက်ရန် စိတ်ပါဝင်စားသူ ပြည်တွင်း/ ပြည်ပလုပ်ငန်းရှင်/ ကုမ္ပဏီများသို့ တင်ဒါအဆိုပြုလွှာများ တင်သွင်းနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်-
စဉ် |
ခြံ/ စက်ရုံအမည် |
ဧက |
ငှားရမ်းဆောင်ရွက်မည့်လုပ်ငန်း |
၁။ |
ဘုရားကြီးကြက်မွေးမြူရေးခြံ မြေ |
၁၀၁.၉၇ |
ဝက်နှင့်ကြက် မွေးမြူရေးလုပ်ငန်းများ၊ ယင်းလုပ်ငန်းများနှင့်ဆက်စပ်သော ပြုပြင် မွမ်းမံခြင်း၊ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ခြင်း လုပ်ငန်းများ |
၂။ တင်ဒါအဆိုပြုလွှာနှင့် စည်းကမ်းချက်များအား တစ်စောင်လျှင် (၁၀၀ဝဝိ/-)ကျပ်နှုန်းဖြင့် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြုဌာနခွဲ၊ ရုံးအမှတ်(၃၆)၊ နေပြည်တော်တွင် ရုံးပိတ်ရက်မှအပ ရုံးချိန်အတွင်း လာရောက်ဝယ်ယူရရှိနိုင်ပါသည်။
၃။ တင်ဒါအဆိုပြုလွှာ တင်သွင်းသူများအနေဖြင့် တင်ဒါအဆိုပြုလွှာများအား (၁၉- ၆- ၂၀၂၅)ရက် (၁၄:၃၀)နာရီ နောက်ဆုံးထား၍ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ စီးပွားရေးရာအထောက်အကူပြု ဌာနခွဲသို့ ပေးပို့တင်ပြရမည်။
၄။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ ဖုန်းနံပါတ် ၀၆၇- ၃၄၀၈၄၈၀၊ ၀၆၇-၃၄၁၈၄၅၇ တို့သို့ ရုံးချိန်အတွင်းဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။
တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီ
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန