Skip to main content
x

ပွင့်ဖြူမြို့၌ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ်(GAqP)သင်တန်းနှင့် အယ်လ်နီညိုရာသီဥတု ကြိုတင်ကာကွယ်ရေး ပညာပေးဟောပြော

ပွင့်ဖြူ အောက်တိုဘာ ၁၈

ပွင့်ဖြူမြို့နယ်အတွင်း ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန် လူစွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ဒေသခံငါးမွေးတောင်သူများကောင်းမွန်သော ရေသတ္တဝါမွေးမြူရေး ကျင့်စဉ်(GAqP)စနစ်နှင့်အညီငါးမွေးမြူရေးနည်းပညာများရရှိစေရန်နှင့် ငါးသယံဇာတများ ရေရှည် စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်ရည်ရွယ်၍ ကောင်းမွန်သောရေသတ္တဝါမွေးမြူရေးကျင့်စဉ် (GAqP) သင်တန်းဖွင့်လှစ်ခြင်းနှင့် အယ်လ်နီညိုရာသီဥတုနှင့်ပတ်သက်သည့် ကြိုတင်ကာကွယ်ရေး ပညာ ပေးဟောပြောပွဲကို ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ပွင့်ဖြူမြို့နယ် ကန်ပြည့်ကျေးရွာ၌ အောက်တိုဘာ ၁၈ ရက်က ကျင်းပသည်။

       အဆိုပါ သင်တန်းနှင့် အယ်လ်နီညိုရာသီဥတု ကြိုတင်ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲတွင် ပွင့်ဖြူမြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးသိန်းကိုကိုထွန်း၊ ပွင့်ဖြူစခန်းတာဝန်ခံ ဦးစိုးလှိုင်တို့က လက်ကမ်းစာစောင်များနှင့် သင်ထောက်ကူပစ္စည်းများပေးအပ်ပြီး သင်ကြား ပို့ချခြင်း၊ ဟောပြောခြင်းဆောင်ရွက်ခဲ့ကာ သင်တန်းသား၊ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ ကြောင်း သိရသည်။