Skip to main content
x

စလင်းမြို့နယ်၌အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက်သင်တန်းဖွင့်လှစ်

စလင်း နိုဝင်ဘာ ၂၁

       ငါးလုပ်ငန်းဦးစီးဌာနသည် ငါးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဒေသခံပြည်သူများအား အခြေခံငါးမွေးမြူရေးနှင့် ဆေးထိုးသားဖောက် ခြင်းနည်းပညာများရရှိစေရန်၊ ငါးသယံဇာတများရေရှည်စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်ရန်နှင့် အလုပ် အကိုင်အခွင့်အလမ်းများရရှိစေရန်ရည်ရွယ်၍ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှူး၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနက ယနေ့တွင် မင်းဘူးခရိုင်၊ စလင်းမြို့နယ်၊ အ နောက်ကန်ဘောင်ကျေးရွာ၌ အခြေခံငါးမွေးမြူရေးနှင့်ဆေးထိုးသားဖောက်သင်တန်းကို ဖွင့်လှစ် သည်။

မေးမြန်း ဆွေးနွေး

       အဆိုပါသင်တန်းသို့ မင်းဘူးခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးထွန်းလှအောင်၊ ပွင့်ဖြူငါးလုပ်ငန်းစခန်းတာဝန်ခံ ဦးစိုးလှိုင်တို့က သင်တန်းအထောက်အကူပစ္စည်းများ ပေးအပ်ခဲ့ပြီး ငါးမွေးမြူရေးနှင့်ပတ်သက်၍လည်းကောင်း၊ မျိုးငါးများ ပြုစုခြင်းမှ ငါးဆေးထိုးသားဖောက်ပြီး ငါးသားပေါက်များပြုစုခြင်းလုပ်ငန်းအဆင့်ဆင့်တို့အားလည်းကောင်း ရှင်းလင်းပြောကြားပို့ချခဲ့ရာ သင်တန်းသား သင်တန်းသူများမှ အခြေခံငါးမွေးမြူရေးနှင့်ဆေးထိုးသားဖောက်ခြင်းနှင့်ပတ်သက်၍ သိရှိလို သည်များကို မေးမြန်းဆွေးနွေးခဲ့ပြီး သင်တန်းသို့ ၂၅ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။