Skip to main content
x

လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု(အခြေခံ)သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အမှတ်(၆၄)  စက်မှုလယ်ယာစခန်း၊ မြစ်သားမြို့မှ  ကြီးမှူးဖွင့်လှစ်သည့်  လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ)  သင်တန်းအမှတ်စဉ်  (၂/၂၀၂၃-၂၀၂၄) သင်တန်းဖွင့်ပွဲ အခမ်းအနားကို  (၂၆.၂.၂၀၂၄) ရက်နေ့ မနက်(၉:၃၀)နာရီတွင် အဆိုပါစက်မှုလယ်ယာစခန်း သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါသင်တန်းကို တောင်သူလယ်သမားများနှင့် စက်မှုလယ်ယာဝန်ဆောင်မှုလုပ်ငန်း ဆောင်ရွက်နေသူများအား ခေတ်မီလယ်ယာသုံးစက်ကိရိယာများကို စနစ်တကျကျွမ်းကျင်စွာ ကိုင်တွယ်မောင်းနှင် အသုံးပြုနိုင်စေရန်၊ လယ်ယာသုံးစက်ကိရိယာမောင်းနှင်ခြင်းလုပ်ငန်းကို ဒေသအလိုက် အသက်မွေးဝမ်းကြောင်းလုပ်ငန်းအဖြစ် လုပ်ကိုင်နိုင်ကြစေရန်နှင့် ပုဂ္ဂလိက လယ်ယာဝန်ဆောင်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ဖေဖော်ဝါရီလ (၂၆)ရက် နေ့မှ မတ်လ(၈)ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည် ဖြစ်ပါသည်။ သင်တန်းတွင်  လယ်ယာသုံးစက်ကိရိယာမောင်းနှင်ထိန်းသိမ်းမှု ဘာသာရပ်(၆)မျိုးဖြစ်သော အင်ဂျင် ဘာသာရပ်၊  လက်တွန်းထွန်စက်ဘာသာရပ်၊ ထွန်စက်ကြီးဘာသာရပ်၊ ရိတ်သိမ်းခြွေလှေ့စက် ဘာသာရပ်၊ ကောက်စိုက်စက်ဘာသာရပ်နှင့် ထွန်ယက်ကိရိယာများ ဘာသာရပ်များကို ကျေးရွာ အုပ်စု ၉ အုပ်စုမှ သင်တန်းသား(၃၀)ဦးအား  စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။