Skip to main content
x

ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ် ဧရာဝတီတိုင်းဒေသကြီးရှိ ကြံခင်း၊ မြန်အောင်၊ ဟင်္သာတ၊ ကျုံပျော် မြိုနယ်များမှ တောင်သူများနှင့် တွေ့ဆုံ

   စိုက်ပျိုးထုတ်လုပ်မှုကွင်းဆက် တောင့်တင်းခိုင်မာမှုနှင့် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်လာစေရန် သက်ဆိုင်ရာဌာနများနှင့်တောင်သူများ ပူးပေါင်းလုပ်ဆောင်မှု အားပေးမြှင့်တင်ရန် စိုက်ပျိုးရေးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်သည် ၂၀၂၃ ခုနှစ် ဩဂုတ်လ (၂၇) ရက် နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ဘတ်ရဲကျေးရွာရှိ ဧက(၁၀၀) စံပြစိုက်ကွင်းတွင် ဒေသခံတောင်သူများနှင့် ရင်းနှီးခင်မင်စွာ တွေ့ဆုံဆွေးနွေးပါသည်။ မိုးစပါး တစ်ဧက တင်း(၁၀၀) ထွက်ရှိရေး ဧက (၁၀၀) စံပြစိုက်ကွင်းမှ တောင်သူများနှင့်တွေ့ဆုံစဉ် ဒုတိယဝန်ကြီးမှ ဆွေးနွေးပြောကြားပါသည်။
    ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မြန်အောင်ခရိုင်အတွင်းရှိ မြန်အောင်တာ တာမိုင် (၅/၂ မှ ၇/၀ ) အတွင်း တာတမံ ထိမ်းသိမ်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရာသီချိန်မီ ပြီးစီးရေး ဆောင်ရွက်ပြီးတာပိုင်းအလိုက် ကြံ့ခိုင်မှုရှိရေး၊ ရေရှည်အသုံးပြုနိုင်ရေးအတွက် ဒေသခံများပူးပေါင်း ဆောင်ရွက်ရေး အသိပညာပေးဆောင်ရွက်ရန် လိုအပ်ချက်များကိုဖြည့်စွက် မှာကြားပါသည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်သည် မြန်အောင်မြို့နယ် ကန်ဇွန်းခုံအုပ်စု မိုးနေကြာ မျိုးစေ့ စိုက်ပျိုးပွဲတွင် ဒေသခံတောင်သူများနှင့်တွေ့ဆုံပြီး နေကြာမျိုးစေ့ထုတ်လုပ်ငန်းများ ထူထောင်၍ မျိုးမြှင့်တင်ရွေးချယ် ရေးအခွင့်အလမ်းများ ၊ နေကြာမျိုးထိမ်းနည်း၊ မြေဆီလွှာ ပြုပြင် ထိမ်းသိမ်းနည်း ၊ နေကြာစိုက်ပျိုးနည်းများအပါအဝင်၊ နေကြာနှင့်ပတ်သက်သော နည်းပညာ ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ရန် လိုအပ်ချက်များကိုဆွေးနွေးပြောကြားပြီး ဒေသခံတောင်သူများ၏ ဆင်းရွှေကြာ-၂ နေကြာစိုက်ပျိုး ထားရှိမှုများကို ကြည့်ရှုအားပေးပါသည်။
    ဆက်လက်၍ ဒုတိယဝန်ကြီးသည် ဟင်္သာတ ခရိုင် နတ်မော်ကျေးရွာတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရံပုံငွေ ဖြင့်ဆောင်ရွက်လျက်ရှိသော မိုးစပါးမျိုးစေ့ထုတ်စိုက်ခင်းတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ ရောစပ်ကြဲပတ်ပွဲ သို့တက်ရောက်ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံကာ ရာသီဉတုနှင့်ကိုက်ညီသည့် သီးနှံများ စိုက်ပျိုးထုတ်လုပ်မှု ပိုမိုအောင်မြင်ရေး၊ တောင်သူကိုယ်တိုင် ပါဝင်ဆောင်ရွက်သည့် မျိုးစေ့ထုတ်လုပ်ငန်းများဖွံ့ဖြိုးရေး လိုအပ်ချက်များကို ဆွေးနွေးပြောကြားပါသည်။
   ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စုရှိ တောင်သူ ဦးမန်းစိုးသိန်း၏ ပီလောပီနံ (၁၅) ဧက စိုက်ခင်း ကိုကြည့်ရှုမားပေးပြီး ထွန်စက်များအသုံးပြုကာ ဘောင်မြောင်းဖော် စနစ်ဖြင့် ဝင်ဆံ့အပင်အတိအကျ စိုက်ပျိုးနိုင်ရေး မှာကြားပါသည်။
    ထိုမှတစ်ဆင့် ကျုံပျော်မြို့နယ်၊ ပျဉ်ချဆိပ်ကျေးရွာ အုပ်စုမှ ဒေသခံတောင်သူများနှင့် တွေ့ဆုံပြီးတောင်သူများကိုယ်တိုင်ပါဝင်သည့် စိုက်ပျိုးရေး၊ အခြေခံ စီးပွားရေးဖွံ့ဖြိုးလာရေး၊ သဘာဝမြေဩဇာများ စီးပွားဖြစ်ထုတ်လုပ်သော အသေးစား၊ အငယ်စား နှင့် အလတ်စား MSME လုပ်ငန်းများဖွံဖြိုးလာရေး ၊လယ်ယာမြေ ဥပဒေဆိုင်ရာ အသိညာပေး ဆွေးနွေးပွဲများ ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားခဲ့ပါသည်။
Source : စိုက်ပျိုးရေးသုတေသန - Farmer Channel