Skip to main content
x

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလကုန်အတွင်းနှင့် မတ်လပထမပတ်အတွင်း ငါးဖမ်းတစ်ခေါက်ရက် (၆၀) ပြည့်သော ငါးဖမ်းရေယာဉ်များအား (၁၅) ရက် ငါးဖမ်းဆီးခွင့်တိုးမြှင့်ခွင့်ပြုပေးသွားမည်

COVID-19 ကပ်ရောဂါကြောင့် ထိခိုက်နစ်နာနေသော ရေလုပ်ငန်းကဏ္ဍပြန်လည်ဦးမော့လာ စေရေးအတွက်လည်းကောင်း၊ ဖမ်းဆီးရမိရေထွက်ပစ္စည်းများမှ နိုင်ငံတော်အတွက် နိုင်ငံခြားဝင်ငွေ ပိုမိုရရှိစေရေးအတွက်လည်းကောင်း၊ ပြည်ပဝယ်လိုအားလျော့နည်းပိတ်ပင်ထားမှုအပေါ် ကြိုးစား ဆောင်ရွက်နေချိန်ဖြစ်သဖြင့်လည်းကောင်း၊ ပြည်ပစျေးကွက်ချဲ့ထွင်နိုင်ရေးအပြင် ငါးဖမ်းဆီးမှု စွမ်းအားလျော့နည်းကျဆင်းမှုမရှိစေရေးအတွက်လည်းကောင်း၊ ငါးဖမ်းဆီးရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်ခြင်းဖြင့် ရေလုပ်ငန်းရှင်များအတွက် ဆုံးရှုံးနစ်နာမှုများအပေါ် ကာမိစေရေးအတွက် လည်းကောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ငါးလုပ်ငန်းဦးစီးဌာနမှ ကမ်းဝေး ငါးဖမ်းရေယာဉ်များအား (၁၅) ရက်ငါးဖမ်းရက်တိုးမြှင့်ခွင့်ပြုပေးသွားပါမည်။